ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက OPPO ကနေ 108MP Camera Sensor ကို အသုံးပြုလာမယ့် A Series ဖုန်းကို မိတ်ဆက်တော့မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ OPPO A Series ဖုန်းရဲ့ နာမည်အပြင် မိတ်ဆက်မယ့်အချိန်ကိုပါ တရားဝင်သိရှိရပြီဖြစ်ပါတယ်။

OPPO ကနေ မိတ်ဆက်သွားမယ့် A Series ဖုန်းအသစ်ကတော့ OPPO A1 Pro လို့ နာမည်ပေးထားပြီးတော့ ယခင် A Series တွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် လုံးဝအသစ်ဖြစ်လာမှာပါ။​ ဖြစ်နိုင်ခြေများနေတာကတော့ OPPO A1 Pro ဟာ လက်ရှိမိတ်ဆက်ထားပြီးသား A Series ဖုန်းတွေအားလုံးထက် ပိုမိုကောင်းမွန်ဖွယ်ရှိနေပါတယ်။​

OPPO A1 Pro ဖုန်းဟာ Design ပိုင်းမှာလည်း ယခင်ထက်ပိုပြီး Premium ဆန်မှာဖြစ်ပြီး Display အနေနဲ့လည်း Curved OLED Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါ့အပြင် 120Hz Refresh Rate ကို ထောက်ပံ့ပေးနိုင်တာကြောင့် Flagship ဖုန်းတွေနီးပါး စွမ်းဆောင်နိုင်မှာပါ။​

Camera ပိုင်းမှာတေ့ာ Primary Back Camera ကို 108MP Camera Sensor အသုံးပြုထားမှာဖြစ်ပြီး Secondary Camera အနေနဲ့ကတော့ 2MP Sensor တွေကိုပဲ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Selfie Camera ပိုင်းမှာတော့ Single Punch-hole Camera ကိုပဲ အသုံးပြုထားပါတယ်။

OPPO ဟာ အဆိုပါ OPPO A1 Pro ဖုန်းကို လာမယ့်နိုဝင်ဘာလ ၁၆ ရက်နေ့ ဒီနေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး စျေးနှုန်းနဲ့ တခြားသောအသေးစိတ်အချက်အလက်တွေကို သိရှိရဖို့ကတော့ ဆက်လက်စောင့်ဆိုင်းရဦးမှာပါ။​

Ref – GSM Arena