OPPO A12 ရဲ့ သတင်းတွေ မကြာခင်က ပေါက်ကြားထွက်ပေါ်ခဲ့ပြီး အခုတော့ OPPO A12e ကို ကုမ္ပဏီရဲ့ တရားဝင် Website မှာ တင်ထားပါတယ်။ OPPO Vietnam Website မှာ A12e ကို စာရင်းတင်ခဲ့ပြီး မကြာခင်မှာပဲ ပြန်ဖျက်သွားခဲ့ပါတယ်။ ဓါတ်ပုံတွေအရ A12e ဟာ ၂၀၁၈ ခုနှစ်က ထုတ်လုပ်ရောင်းချခဲ့တဲ့ OPPO A3s နဲ့ ဒီဇိုင်း တူညီပါတယ်။

အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ Specs တွေကလည်း တူပြီး ၆.၂ လက်မ HD+ IPS မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Qualcomm Snapdragon 450 Chipset မောင်းနှင်ထားပြီး 4,230mAh ဘက်ထရီ ပါလာပါတယ်။ ဒီဇိုင်းက တူညီပြီး မျက်နှာပြင် အထက်မှာ အရွယ်ကြီး Notch တပ်ဆင်ထားပါတယ်။

OPPO A12e မှာ သူငယ်ချင်းရဲ့ စမတ်ဖုန်းနဲ့ချိတ်ဆက်ပြီး သီချင်းတွေကို အတူတူ နားထောင်နိုင်မယ့် Music Party Function ပါလာပါတယ်။  OPPO A3s မှာလည်း အဲဒီလုပ်ဆောင်ချက် ထည့်သွင်းထားပါတယ်။ OPPO A12e ကို  ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ မကြာခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ထပ်မံ ထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။

Ref : gsmarena