OPPO က တရုတ်မှာ OPPO A2x ကို ကြေညာလိုက်ပြီး ဒီနှစ် မတ်လက ထွက်ခဲ့တဲ့ OPPO A1x ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ A2x ဟာ စွမ်းရည်နိမ့် တန်ဖိုးနည်း 5G ဖုန်း ဖြစ်ပါတယ်။

OPPO A2x မှာ 6.56” LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate, 720 Nits Brightness နဲ့ 100 Percent DCI-P3 Color Gamut ထောက်ပံ့ထားပါတယ်။ Android 13 အခြေပြု ColorOS 13.1 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

6GB/ 8GB LPDDR4x RAM နဲ့ 128GB/256GB UFS 2.2 Storage ထည့်ထားပါတယ်။ Dimensity 6020 Chipset မောင်းနှင်ထားပြီး 5,000mAh Battery ပါပါတယ်။ Fast Charging ပါသလားဆိုတာ မသိရသေးပါဘူး။

Oppo A2x and A2m appear on TENAA

OPPO က A2x ရဲ့ ကင်မရာ သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ TENAA က စာရင်းအရ 13MP Main ကင်မရာနဲ့ LED Flash ကို အနောက်ဘက်မှာ တပ်ဆင်ထားမှာပါ။ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ပါလာနိုင်ပါတယ်။ IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

OPPO A2x ကို တရုတ်မှာ အောက်တိုဘာလ ၁၄ ရက်နေ့ ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။ 6GB RAM+128GB Storage နဲ့ 8GB RAM+256GB Storage ၂ မျိုးထုတ်လုပ်ထားပြီး ၁၅၃ ဒေါ်လာနဲ့ ၁၉၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ အနက်၊ ရွှေနဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina