OPPO က စွမ်းရည်သင့် A3 Pro ကို ကြေညာလိုက်ပြီး Curved 120Hz OLED Display , 67W Charging နဲ့ IP69 Rating ပါလာပါတယ်။

Oppo A3 Pro

A3 Pro မှာ 6.7” OLED FHD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ပါတယ်။ In-display Fingerprint Scanner ပါလာပြီး Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။

အနောက်ဘက်ကို ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်တဲ့ OPPO Crystal Shield Glass နဲ့ ကာကွယ်ထားပါတယ်။ Azure အရောင်မှာ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး Blue နဲ့ Pink အရောင်တွေမှာ သားရေအတုကို သုံးထားပါတယ်။ အနောက်ဘက်မှာ 64MP Main နဲ့ 2MP Portrait ကင်မရာတွေ ပါပါတယ်။

Oppo A3 Pro announced with Dimensity 7050 and IP69 rating

Dimensity 7050 Chipset မောင်းနှင်ထားပြီး 8/12GB RAM နဲ့ 128/256/512GB Storage ထုတ်လုပ်ထားပါတယ်။ Android 14 အခြေပြု ColorOS 14 မောင်းနှင်ထားပြီး 67W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

တန်ဖိုးအနည်းဆုံး 8/128GB ကို ၁,၉၉၉ ယွမ် (၂၇၆ ဒေါ်လာ) သတ်မှတ်ထားပြီး တရုတ်မှာ ဒီလ ၁၉ ရက်နေ့က စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။

Ref : gsmarena