OPPO ကနေ ယခုနှစ်မှာ ယခင်တုန်းက A Series စမတ်ဖုန်းတွေကို Mid Range ပိုင်းနဲ့ Budget ဖုန်းတွေပဲ ထုတ်လုပ်နေရာကနေ ဒီနှစ်မှာတော့ အရည်အသွေးမြင့် စမတ်ဖုန်းတစ်ခုကို A3 လို့ပဲ နာမည်ပေးပြီးတော့ ထုတ်လုပ်သွားတော့မှာဖြစ်ပါတယ်။

အဆိုပါ စမတ်ဖုန်းဟာ ဖြစ်နိုင်တာကတော့ OPPO F7 စမတ်ဖုန်းထက် အနည်းငယ်ဈေးသက်သာမှာဖြစ်ပြီးတော့ စွမ်းဆောင်ရည်နဲ့ ဒီဇိုင်းပိုင်း သိသိသာသာကွာခြားခြင်းရှိမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ အခုအချိန်မှာတော့ TENAA နဲ့ Geekbench ရလဒ်တွေအရ အခု OPPO A3 စမတ်ဖုန်းရဲ့ အချက်အလက်တွေကို အနည်းငယ်ခန့်မှန်းကြည့်လို့ရလာပါတယ်။

OPPO A3 စမတ်ဖုန်းက 6.2″ 18:9 Ratio Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Resolution အနေနဲ့ Full HD+ (1080×2160 pixels) Resolution ရှိမှာပဲဖြစ်ပါတယ်။ LCD Display ကိုပဲ အသုံးပြုထားမှာဖြစ်ပြီးတော့ OPPO R15 စမတ်ဖုန်းလိုမျိုး OLED Display ကို သုံးထားမှာမဟုတ်ပါဘူး။

Processor ပိုင်းအနေနဲ့တော့ MediaTek ရဲ့ Helio P60 Processor ကိုအသုံးပြုထားမှာဖြစ်သလို RAM အနေနဲ့လည်း 4GB ဒါမှမဟုတ် 6GB ဆိုပြီး 64GB ဒါမှမဟုတ် 128GB Storage ရွေးချယ်မှုအပေါ်မှာ ပြောင်းလဲနိုင်ပါသေးတယ်။

Camera ပိုင်းအနေနဲ့ကတော့ 16MP Back Camera ပါဝင်မှာဖြစ်ပြီးတော့ Front Camera ကတော့ 8MP ပဲ ပါဝင်တော့မှာဖြစ်ပါတယ်။ ဒီအချက်ကပဲ OPPO F7 စမတ်ဖုန်းနဲ့ မတူညီတဲ့အချက်တစ်ခုဖြစ်လာမှာပါ။ Battery အနေနဲ့တော့ 3300mAh Battery ပါဝင်မှာဖြစ်ပါတယ်။

အခု OPPO A3 စမတ်ဖုန်းက တရားဝင်မကြေငြာသေးတဲ့အတွက် ဈေးနှုန်းကိုတော့ အတိအကျမသိရသေးပေမယ့် ခန့်မှန်းခြေ ဒေါ်လာ ၃၀၀ ဝန်းကျင်လောက်ရှိနိုင်တယ်လို့ ယူဆရပါတယ်။