[Unicode]

OPPO က အိန္ဒိယမှာ A5 2020 ရဲ့ 3GB နဲ့ 4GB RAM မော်ဒယ်တွေကို စက်တင်ဘာလမှာ ကြေညာခဲ့ပါတယ်။ အခုတော့ 6GB RAM မော်ဒယ်ကို ရောင်းပေးလိုက်ပါပြီ။ RAM ပဲ ကွဲပြားပြီး တခြား Specs တွေက မူလမော်ဒယ်နဲ့ တူပါတယ်။ A5 2020 ရဲ့ 6GB RAM မော်ဒယ်ကို ၁၄,၉၉၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၃၁၀,၀၀၀ လောက်ရှိပါတယ်။ 6GB RAM မော်ဒယ်မှာ 128GB Storage ပါလာပါတယ်။

A5 2020 မှာ ၆.၅ လက်မ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 1600x720p Resolution ဖြစ်ပြီး မျက်နှာပြင် အချိုးက 19:9 ဖြစ်ပါတယ်။ Screen-to-body Ratio က ၈၉ ရာခိုင်နှုန်းပါ။ Snapdragon 665 Processor မောင်းနှင်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး 12MP , 8MP Ultrawide နဲ့ 2MP ကင်မရာ ၂ လုံးပါပါတယ်။ 2MP ကင်မရာတွေက Depth နဲ့ Macro တွေ ဖြစ်ပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။

5,000mAh Battery ပါပြီး Reverse Charging ထောက်ပံ့ပါတယ်။ Android 9 Pie အခြေပြု Color OS 6.0.1 မောင်းနှင်ထားပြီး Face Unlock , Game Boost 2.0 , Riding Mode နဲ့ HyperBoost လုပ်ဆောင်ချက်တွေ ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ အသံအရည်အသွေး အရမ်းလန်းတဲ့ Dual Dolby Atmos စပီကာတွေ ထည့်ထားပါတယ်။ Dual SIM 4G Volte, Bluetooth 5.0, Wi-Fi 802.11 Ac, USB-C, GPS နဲ့ 3.5mm Audio Jack တွေ ပါပါတယ်။ အရွယ်အစား အပြည့်အစုံက 163.6 x 75.6 x 9.1 mm ဖြစ်ပြီး ၁၉၅ ဂရမ် အလေးချိန်ရှိပါတယ်။

Ref : gizmochina

[Zawgyi]

OPPO A5 2020 ရဲ႕ 6GB RAM ေမာ္ဒယ္ကို ေၾကညာ

OPPO က အိႏၵိယမွာ A5 2020 ရဲ႕ 3GB နဲ႔ 4GB RAM ေမာ္ဒယ္ေတြကို စက္တင္ဘာလမွာ ေၾကညာခဲ့ပါတယ္။ အခုေတာ့ 6GB RAM ေမာ္ဒယ္ကို ေရာင္းေပးလိုက္ပါၿပီ။ RAM ပဲ ကြဲျပားၿပီး တျခား Specs ေတြက မူလေမာ္ဒယ္နဲ႔ တူပါတယ္။ A5 2020 ရဲ႕ 6GB RAM ေမာ္ဒယ္ကို ၁၄,၉၉၀ ရူပီး သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၁၀,၀၀၀ ေလာက္ရွိပါတယ္။ 6GB RAM ေမာ္ဒယ္မွာ 128GB Storage ပါလာပါတယ္။

A5 2020 မွာ ၆.၅ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားပါတယ္။ 1600x720p Resolution ျဖစ္ၿပီး မ်က္ႏွာျပင္ အခ်ိဳးက 19:9 ျဖစ္ပါတယ္။ Screen-to-body Ratio က ၈၉ ရာခုိင္ႏႈန္းပါ။ Snapdragon 665 Processor ေမာင္းႏွင္ထားၿပီး microSD Card စိုက္ႏုိင္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုး ထည့္သြင္းထားၿပီး 12MP , 8MP Ultrawide နဲ႔ 2MP ကင္မရာ ၂ လံုးပါပါတယ္။ 2MP ကင္မရာေတြက Depth နဲ႔ Macro ေတြ ျဖစ္ပါတယ္။ 8MP ဆဲလ္ဖီး ကင္မရာ ထည့္ထားပါတယ္။

5,000mAh Battery ပါၿပီး Reverse Charging ေထာက္ပံ့ပါတယ္။ Android 9 Pie အေျချပဳ Color OS 6.0.1 ေမာင္းႏွင္ထားၿပီး Face Unlock , Game Boost 2.0 , Riding Mode နဲ႔ HyperBoost လုပ္ေဆာင္ခ်က္ေတြ ပါပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာ ထည့္ထားပါတယ္။ အသံအရည္အေသြး အရမ္းလန္းတဲ့ Dual Dolby Atmos စပီကာေတြ ထည့္ထားပါတယ္။ Dual SIM 4G Volte, Bluetooth 5.0, Wi-Fi 802.11 Ac, USB-C, GPS နဲ႔ 3.5mm Audio Jack ေတြ ပါပါတယ္။ အရြယ္အစား အျပည့္အစံုက 163.6 x 75.6 x 9.1 mm ျဖစ္ၿပီး ၁၉၅ ဂရမ္ အေလးခ်ိန္ရွိပါတယ္။

Ref : gizmochina