OPPO A53 ရဲ့ သတင်း‌တွေ ဒီ ၁ ပတ် အစောပိုင်းက ထွက်ပေါ်ခဲ့ပြီး အခုတော့ Lazada Indonesia မှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပါတယ်။ ၂၇ ရက်နေ့မှာ အင်ဒိုနီးရှား ရူပီး ၂,၄၉၉,၀၀၀ နဲ့ ရောင်းမှာ ဖြစ်ပြီး ၂ သိန်း ၃ သောင်းလောက်တန်ပါတယ်။ Lazada မှာ Specs အပြည့်အစုံကို ဖော်ပြထားပြီး Snapdragon 460 Chipset , 4 GB RAM နဲ့ 64GB Storage တွေ ထည့်သွင်းထားပါတယ်။ 256GB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ ရှယ်သိမ်းလို့ရပါတယ်။

၆.၅ လက်မ 90Hz HD+ မျက်နှာပြင် တပ်ဆင်ထားပြီး ဘယ်ဘက်အထက်နားမှာ 16MP Punch Hole ကင်မရာ ပါပါတယ်။ လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ မြှပ်နှံထားပြီး အနောက်ကင်မရာတွေက 13MP , 2MP နဲ့ 2MP တွေ ဖြစ်ပါတယ်။ ကင်မရာ သတင်းအချက်အလက် အသေးစိတ်ကို မဖော်ပြထားပေမယ့် Macro နဲ့ Depth ကင်မရာတွေ ဖြစ်နိုင်ပါတယ်။

အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ 18W Fast Charging ပါလာပြီး USB-C 2.0 Port တပ်ဆင်ထားပါတယ်။ အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားပြီး အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပါတယ်။ Lazada က ကြိုတင်မှာယူခွင့်ပြုထားပြီး ၂၇ ရက်နေ့မှာ ပို့ဆောင်ပေးမှာပါ။ OPPO Indonesia က မကုန်ခင် မြန်မြန်ဝယ်ဖို့ လှုံ့ဆော်နေတဲ့အတွက် အရေအတွက် အကန့်အသတ်ရှိတယ်လို့ ထင်ပါတယ်။

Ref : gsmarena