OPPO ဟာ A Series ရဲ့ နောက်ဆက်တွဲအဖြစ် OPPO A58 ကို ဈေးကွက်ထဲ ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။ OPPO A58 ဟာ 12GB RAM (6GB+6GB) + 128GB ROM (Up to 1TB)၊ ပိုကောင်းတဲ့ အသံအရည်အသွေးနဲ့ Dual Stereo Speakers၊ 300% အထိ တိုးချဲ့နိုင်တဲ့ Ultra-Volume Mode လုပ်ဆောင်ချက်တို့ပါဝင်ပြီး 629,900 ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

OPPO A58 မှာ 6GB RAM ကို RAM Expansion အနေနဲ့ နောက်ထပ် 6GB ထိတိုးချဲ့နိုင်ပြီး စုစုပေါင်း 12GB အထိ ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ဆောင်ချက်တိုင်းကို အထူးလျင်မြန်ချောမွေ့စေမှာဖြစ်ပြီး ROMအနေနဲ့ 256GB ပါဝင်တာ ဖြစ်ပါတယ်။

အသံပိုင်းမှာလည်း ပိုမိုကောင်းမွန်တဲ့ အသံအရည်အသွေးနဲ့ Dual Stereo Speakers တွေကို ထောက်ပံ့ပေးထားတဲ့အပြင် 300% အထိ တိုးချဲ့နိုင်တဲ့ Ultra-Volume Mode ထည့်သွင်းပေးထားတဲ့အတွက် ဆူညံတဲ့နေရာတွေမှာ ကောင်းမွန်တဲ့အသံအရည်အသွေးနဲ့ နားဆင်နိုင်မှာဖြစ်ပါတယ်။

ဖုန်းရဲ့မျက်နှာပြင်ကို 6.72” FHD+ Sunlight Punch-hole LCD Display အသုံးပြုထားပြီး Screen to body ratio 91.4% ရှိတဲ့အတွက် ကြီးမားကျယ်ပြန့်တဲ့ multimedia အတွေ့အကြုံကိုရရှိနိုင်ပါလိမ့်မယ်။ MediaTekG85 SOC ကိုအသုံးပြုပေးထားပြီး ၁၅မိနစ်အားသွင်းရုံနဲ့ ၂၈%ကျော်အားသွင်းပေးနိုင်ပြီး ၁၀၀%အားအပြည့်သွင်းရန် ၇၅မိနစ်သာကြာမဲ့ 33W Supervooc အမြန်အားသွင်းစနစ်၊ All Day AI power saving mode ပါဝင်တဲ့ 5000mAh Battery ကိုအသုံးပြုပေးထားတဲ့အတွက် တစ်နေ့တာလုံး ဖုန်းစိတ်ကြိုက်သုံးစွဲနိုင်ပါတယ်။

Main camera အနေနဲ့ 50MP(f1.8) +2MP Portrait camera တပ်ဆင်ထားပြီး Front camera ကတော့ 8MP(f2.0) နဲ့ ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကို ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။ Android 13ကို အခြေခံထားတဲ့ Color Os 13.1 က ဖုန်းသုံးစွဲမှု အဆင်ပြေအောင် စွမ်းဆောင်ပေးမှာဖြစ်ပြီး OPPO ဓာတ်ခွဲခန်းမှာလည်း 36 months fluency စမ်းသပ်ချက်ကို စမ်းသပ်အောင်မြင်ထားတာကြောင့် 36 လအထိ ချောမွေ့တဲ့သုံးစွဲမှုအတွေ့အကြုံကို ရရှိနိုင်စေမှာလည်းဖြစ်ပါတယ်။

Design အားဖြင့် 2.8D Streamlined curve နှင့် အနောက်ဘက် ကာဗာကို ပိုးသားလိုမျိုး texture အသုံးပြုထားပြီး အလေးချိန်အားဖြင့် 191g နဲ့ အထူအားဖြင့် 7.99mm သာရှိတဲ့အတွက် ပါးလွှာပေါ့ပါးတဲ့ hand feeling ကို ခံစားရစေနိုင်ပါတယ်။ လုံခြုံရေးအတွက် Side Fingerprint Unlock ကိုအသုံးပြုပေးထားပါတယ်။ OPPO A58ကို Dazzling Green ၊ Glowing Black ဆိုပြီး အရောင် ၂ရောင်နဲ့ မြန်မာတစ်နိုင်ငံလုံးမှာ 629,900 ကျပ်ဖြင့် ရွေးချယ်ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

လက်တလော အစီအစဉ်အနေနဲ့ စက်တင်ဘာလ 16 ရက် ကနေ 30 ရက်အတွင်း OPPO A58 ကို ဝယ်ယူသူတွေအတွက် ငွေသားလက်ဆောင် 20,000 ကျပ်နဲ့ ထီးကို ပြန်လည်ပေးအပ်သွားမှာ ဖြစ်တဲ့အပြင် OPPO A78 ဝယ်ယူတဲ့ သူတွေကိုလည်း 20,000 mAh Power Bank လက်ဆောင်ပေးအပ်သွားမယ်လို့ သိရပါတယ်။

Media release: OPPO