[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၈ ဇူလိုင္တုန္းက တ႐ုတ္ျပည္တြင္းမွာ စတင္မိတ္ဆက္ခဲ့တဲ့ OPPO A5 ဟာ အခုအခ်ိန္မွာေတာ့ ညီေမာင္ႏြယ္ဖြား A5s ကိုရရွိေတာ့မွာ ျဖစ္ပါတယ္။ (အခ်ိဳ႕ေဈးကြက္ေတြမွာေတာ့ AX5 နဲ႔ AX5s ဆိုတဲ့အမည္နဲ႔ ျဖစ္ပါတယ္။) A5 မွာ Snapdragon 450 သုံးထားေပမယ့္ A5s ကေတာ့ Helio P35 နဲ႔ထြက္လာမယ္လို႔ သိရပါတယ္။

Helio P35 ဟာ 12nm process ျဖစ္ၿပီး Clocked speed 2.3GHz ပါ။ Snapdragon 450 ကေတာ့ 14nm process ေပၚမွာ တည္ေဆာက္ထားၿပီး Clocked speed 1.8GHz ျဖစ္ပါတယ္။ Chipsets ႏွစ္ခုလုံးမွာ Cortex-A53 CPUs ေတြရွိၾကၿပီး Helio ကေတာ့ Colckspeed ပိုသာပါတယ္။ အလားတူပဲ GPU မွာ Chipset သစ္က ပိုၿပီးေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကိုေပးပါတယ္။

မ်က္ႏွာျပင္ကေတာ့ 6.2-inch IPS screen ျဖစ္ၿပီး 720 x 1,520px resolution ပါ။ ေသးငယ္တဲ့ Teardrop Notch ထဲမွာ 8MP Selfie ကင္မရာတစ္လုံးကို တပ္ဆင္ထားပါတယ္။ ေက်ာဘက္မွာေတာ့ ကင္မရာႏွစ္လုံးတပ္ဆင္ေပးထားၿပီး အဓိကကင္မရာဟာ 13MP, f/2.2 ျဖစ္ကာ၊ ဒုတိယကင္မရာကေတာ့ 2MP, f/2.4 ျဖစ္ပါတယ္။

Chipset ေျပာင္းသြားေပမယ့္ OS ေတာ့မေျပာင္းပါဘူး။ Android 8.1 Oreo အေျခခံတဲ့ Color OS 5.2 ပါပဲ။ Memory ပိုင္းကေတာ့ 3GB of RAM ျဖစ္ၿပီး Storage က 64GB ပါ။ ဘက္ထရီပိုင္းလည္း အေျပာင္းအလဲ မရွိပါဘူး။ 4,230mAh ပမာဏရွိတဲ့ ဘက္ထရီကိုပဲ သုံးေပးထားတာပါ။ OPPO A5s ဟာ အနီနဲ႔ အနက္ဆိုၿပီး အေရာင္ႏွစ္ေရာင္ ေ႐ြးခ်ယ္လို႔ရပါမယ္။ ေဈးႏႈန္းကေတာ့ မသိရေသးပါဘူး။

Ref: GSMArena

[Unicode]

Heilo P35 နဲ့ OPPO A5s အချက်အလက်အချို့ ထွက်ပေါ်လာ

ပြီးခဲ့တဲ့ ၂၀၁၈ ဇူလိုင်တုန်းက တရုတ်ပြည်တွင်းမှာ စတင်မိတ်ဆက်ခဲ့တဲ့ OPPO A5 ဟာ အခုအချိန်မှာတော့ ညီမောင်နွယ်ဖွား A5s ကိုရရှိတော့မှာ ဖြစ်ပါတယ်။ (အချို့ဈေးကွက်တွေမှာတော့ AX5 နဲ့ AX5s ဆိုတဲ့အမည်နဲ့ ဖြစ်ပါတယ်။) A5 မှာ Snapdragon 450 သုံးထားပေမယ့် A5s ကတော့ Helio P35 နဲ့ထွက်လာမယ်လို့ သိရပါတယ်။

Helio P35 ဟာ 12nm process ဖြစ်ပြီး Clocked speed 2.3GHz ပါ။ Snapdragon 450 ကတော့ 14nm process ပေါ်မှာ တည်ဆောက်ထားပြီး Clocked speed 1.8GHz ဖြစ်ပါတယ်။ Chipsets နှစ်ခုလုံးမှာ Cortex-A53 CPUs တွေရှိကြပြီး Helio ကတော့ Colckspeed ပိုသာပါတယ်။ အလားတူပဲ GPU မှာ Chipset သစ်က ပိုပြီးကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကိုပေးပါတယ်။

မျက်နှာပြင်ကတော့ 6.2-inch IPS screen ဖြစ်ပြီး 720 x 1,520px resolution ပါ။ သေးငယ်တဲ့ Teardrop Notch ထဲမှာ 8MP Selfie ကင်မရာတစ်လုံးကို တပ်ဆင်ထားပါတယ်။ ကျောဘက်မှာတော့ ကင်မရာနှစ်လုံးတပ်ဆင်ပေးထားပြီး အဓိကကင်မရာဟာ 13MP, f/2.2 ဖြစ်ကာ၊ ဒုတိယကင်မရာကတော့ 2MP, f/2.4 ဖြစ်ပါတယ်။

Chipset ပြောင်းသွားပေမယ့် OS တော့မပြောင်းပါဘူး။ Android 8.1 Oreo အခြေခံတဲ့ Color OS 5.2 ပါပဲ။ Memory ပိုင်းကတော့ 3GB of RAM ဖြစ်ပြီး Storage က 64GB ပါ။ ဘက်ထရီပိုင်းလည်း အပြောင်းအလဲ မရှိပါဘူး။ 4,230mAh ပမာဏရှိတဲ့ ဘက်ထရီကိုပဲ သုံးပေးထားတာပါ။ OPPO A5s ဟာ အနီနဲ့ အနက်ဆိုပြီး အရောင်နှစ်ရောင် ရွေးချယ်လို့ရပါမယ်။ ဈေးနှုန်းကတော့ မသိရသေးပါဘူး။

Ref: GSMArena