OPPO ကနေ အခုအချိန်မှာတော့ ယခင် OPPO A71 စမတ်ဖုန်းကို အဆင့်မြှင့်တင်ထားတဲ့ OPPO A71 (2018) Version ကို ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ အခု A71 (2018) ဟာ ပုံစံအရတော့ A71 နဲ့ တူညီပေမယ့် အတွင်းပိုင်း Specifications တွေကွာခြားတာကိုတွေ့ရပါတယ်။

OPPO A71 (2018) ဖုန်းကို 5.2″ HD Display ထည့်သွင်းပေးထားပြီးတော့ Qualcomm Snapdragon 450 Processor ၊ RAM 2GB နဲ့ Storage 16 GB ပါဝင်တယ်လို့ သိရပါတယ်။ ကင်မရာပိုင်းအနေနဲ့တော့ နောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာတော့ 5MP Selfie Camera ပါဝင်တာကို တွေ့ရပါတယ်။

Battery အနေနဲ့တော့ 3000mAh Battery ပါဝင်မှာဖြစ်ပြီးတော့ OPPO ရဲ့ Android 7.1 Nougat ကို အခြေခံထားတဲ့ Color OS 3.2 ကို အသုံးပြုထားတာဖြစ်ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ OPPO ရဲ့ AI Beauty Technology ကိုပါ အခုလိုမျိုး Budget ဖုန်းမှာ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

OPPO ဟာ ယခု A71 (2018) Version ကို ရွှေရောင် နဲ့ အနက်ရောင်ဆိုပြီး ထုတ်လုပ်မှာဖြစ်ပြီး ဈေးအနေနဲ့ ဒေါ်လာ ၁၇၉ နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။