OPPO ကနေလက်ရှိအချိန်မှာ OPPO A92 နဲ့ A52 စမတ်ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်သလို မကြာခင်မှာလည်း တရုတ်နိုင်ငံအတွင်းမှာ OPPO A72 5G စမတ်ဖုန်းအသစ်ကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းရဲ့ Model Number အနေနဲ့ PDYM20 ဖြစ်မယ်လို့ သိရပြီးတော့ China Telecom Product Library ကနေတစ်ဆင့် Specification တွေပေါက်ကြားလာပြီဖြစ်ပါတယ်။

အဆိုပါ OPPO A72 5G စမတ်ဖုန်းဟာ ယခုလကုန်ပိုင်းမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ စစခြင်းအနေနဲ့ 4GB + 128GB ကနေစတင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ကတော့ 1,699 Yuan (မြန်မာငွေ ၃ သိန်း ၃ သောင်းဝန်းကျင်) ကနေ စတင်ရောင်းချမှာဖြစ်ပါတယ်။

OPPO A72 5G စမတ်ဖုန်းဟာ Full HD+ Resolution ရှိတဲ့ 6.5″ IPS LCD Display ကိုအသုံးပြုထားပြီးတော့ Selfie Camera အတွက်ကတော့ Punch-hole Design ပြုလုပ်ထားတယ်လို့ သိရပါတယ်။ Performance ပိုင်းအနေနဲ့ကတော့ MediaTek ကနေ မိတ်ဆက်သွားခြင်းမရှိသေးတဲ့ Codename MT6853V အမည်ရတဲ့ 5G Chipset ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Camera Setup အနေနဲ့ကတော့ 16MP + 8MP + 2MP Sensor တွေပါဝင်တဲ့ Triple Camera Setup ပါဝင်မှာဖြစ်ပြီး 8MP Selfie Camera ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 4040mAh Battery ကိုမှ 18W Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။

Ref – Gizmo China