OPPO က တရုတ်မှာ A72 5G ကို ကြေညာလိုက်ပြီး 4G Version ကို ဧပြီလကတည်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၂ လုံးမှာ Processor အပြင် တခြား ကွဲပြားခြားနားချက်တွေ ပါလာပါတယ်။ 5G မှာ ၆.၅ လက်မ Full HD+ မျက်နှာပြင် ပါလာပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 4G မှာ 60Hz ပဲ ထည့်ထားတာပါ။ 5G မှာ MediaTek Dimensity 720 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ 4G မှာ Snapdragon 665 SoC , 4GB RAM နဲ့ 128GB Storage တွေ ထည့်ထားတာပါ။

5G မှာ 4,040mAh ဘက်ထရီနဲ့ 18W Fast Charging တွေ ပါလာပြီး 4G မှာ ပိုကြီးတဲ့ 5,000mAh ဘက်ထရီ ထည့်ထားတာပါ။ 5G မှာ Android 10 အခြေပြု ColorOS 7.2 မောင်းနှင်ထားပြီး အနောက်ဘက်မှာ 16MP Main , 8MP Ultrawide , 2MP Black & White ကင်မရာတွေ ထည့်ထားပါတယ်။ အရှေ့ဘက်မှာ 16MP Punch Hole ကင်မရာ ပါလာပါတယ်။

ထူးဆန်းတာက 4G မှာ အနောက်ကင်မရာ ၄ လုံး ပါလာပြီး 48MP Main, 8MP Ultrawide, 2MP Depth နဲ့ 2MP Mono ကင်မရာတွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 16MP Punch Hole ကင်မရာ ထည့်ထားပါတယ်။ 5G ရဲ့ 8/128GB Version ကို တရုတ်မှာ ၁,၈၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။ Neon, Oxygen Violet နဲ့ Simple Black ၃ ရောင် ထုတ်လုပ်ထားပြီး နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို OPPO က မပြောသေးပါဘူး။

Ref : indiatoday