Oppo ကုမ္ပဏီရဲ့နောက်ထပ်စမတ်ဖုန်းတွေကတော့ ဒီနှစ်မကုန်ခင်လေးတင်ထပ်မံထွက်ပေါ်လာပြန်ပါပြီ။ အခုတစ်ခါ ထပ်မံထွက်ရှိလာတဲ့ စမတ်ဖုန်းတွေကတော့ Oppo A75 နဲ့ A75s ဖုန်းတွေပဲဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့ Oppo A75 နဲ့ A75s ဖုန်းတွေဟာ အကုန်လုံးထပ်တူညီပြီးတော့ A75 မှာ Storage 32GB နဲ့ A75s မှာ 64GB Storage ပဲကွာခြားမှာဖြစ်ပါတယ်။ အခု Oppo ဖုန်းတွေဟာ MediaTek Helio P23 CPU ကို အသုံးပြုထားပြီး RAM 4GB ပါဝင်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းအနေနဲ့ အဆိုးကြီးမဟုတ်ဘူးလို့ ပြောလို့ရပါတယ်။

Oppo A75 နဲ့ A75s စမတ်ဖုန်းတွေမှာ 6″ Full HD+ Display ကို သုံးစွဲထားပြီး ကင်မရာအနေနဲ့လည်း 16MP Back Camera နဲ့ 20MP Front Selfice Camera တွေပါဝင်မှာဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့ Oppo စမတ်ဖုန်းတွေဟာ Android Version 7.1 Nougat ကို သုံးစွဲလာမှာဖြစ်ပြီး 3200mAh Battery ပါဝင်မယ်လို့သိရပါတယ်။ Fingerprint Sensor ကို အနောက်မှာတပ်ဆင်ထားပြီး ရွှေရောင် နဲ့ အမည်းရောင်ဆိုပြီးရောင်းချမယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေအနေနဲ့ကတော့ ဒေါ်လာ ၃၅၀ ကနေ ၄၀၀ ကြားရှိမယ်လို့ ခန့်မှန်းရပါတယ်။