[Unicode]

OPPO က တန်ဖိုးနည်း စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ OPPO A8 ဖြစ်ပြီး ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ ၆.၅ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး Waterdrop Notch ပါပါတယ်။ HD+ Resolution ဖြစ်ပြီး Blue Light ကို ကာကွယ်ပေးတဲ့ လုပ်ဆောင်ချက် ပါပါတယ်။ Screen-to-body Ratio က ၈၉ ရာခိုင်နှုန်းရှိတဲ့အတွက် မျက်နှာပြင်ဘေးဘောင်တွေက အနည်းငယ် ထူပါတယ်။

Helio P35 Chipset မောင်းနှင်ထားပြီး 4GB RAM ပါပါတယ်။ 128GB Storage ပါတဲ့အတွက် ဒေတာတွေ အတော်အသင့် သိမ်းနိုင်မှာပါ။ ဒါ့အပြင် microSD Card စိုက်နိုင်ပါတယ်။ Android 9 Pie အခြေပြု ColorOS 6.1 ပါပါတယ်။ 4,230mAh ဘက်ထရီ ထည့်ထားပြီး အွန်လိုင်းမှာ ဗီဒီယို ကြည့်ရင် ၁၄ နာရီနဲ့ အွန်လိုင်း ဂိမ်း ကစားရင် ၇ နာရီ အသုံးခံပါတယ်။

အရှေ့ ကင်မရာက 8MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံး ပါပြီး 12MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ Dual-SIM Support , 4G VoLTE, Wi-Fi 802.11ac, Bluetooth 4.2, GPS, microUSB 2.0 နဲ့ 3.5mm Audio Jack တွေ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

တရုတ်မှာ ၁,၁၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်းခွဲလောက်ရှိပါတယ်။ Azure နဲ့ Secret Night Black အရောင် ၂ မျိုး ထုတ်လုပ်ထားပြီး OPPOShop.cn နဲ့ တခြား တရုတ် အွန်လိုင်း စတိုးတွေကနေ ဝယ်ယူဖို့ စာရင်းပေးနိုင်ပါပြီ။ ဒီလ ၂၆ ရက်နေ့မှာ ရောင်းမှာ ဖြစ်ပြီး တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina

[Zawgyi]

အေနာက္ကင္မရာ ၃ လံုးပါတဲ့ OPPO A8 ကို ေၾကညာၿပီ

OPPO က တန္ဖိုးနည္း စမတ္ဖုန္း အသစ္ ၁ လံုးကို ေၾကညာလိုက္ပါတယ္။ OPPO A8 ျဖစ္ၿပီး ပလတ္စတစ္ကိုယ္ထည္နဲ႔ တည္ေဆာက္ထားပါတယ္။ ၆.၅ လက္မ IPS LCD မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး Waterdrop Notch ပါပါတယ္။ HD+ Resolution ျဖစ္ၿပီး Blue Light ကို ကာကြယ္ေပးတဲ့ လုပ္ေဆာင္ခ်က္ ပါပါတယ္။ Screen-to-body Ratio က ၈၉ ရာခုိင္ႏႈန္းရွိတဲ့အတြက္ မ်က္ႏွာျပင္ေဘးေဘာင္ေတြက အနည္းငယ္ ထူပါတယ္။

Helio P35 Chipset ေမာင္းႏွင္ထားၿပီး 4GB RAM ပါပါတယ္။ 128GB Storage ပါတဲ့အတြက္ ေဒတာေတြ အေတာ္အသင့္ သိမ္းႏိုင္မွာပါ။ ဒါ့အျပင္ microSD Card စိုက္ႏုိင္ပါတယ္။ Android 9 Pie အေျချပဳ ColorOS 6.1 ပါပါတယ္။ 4,230mAh ဘက္ထရီ ထည့္ထားၿပီး အြန္လိုင္းမွာ ဗီဒီယို ၾကည့္ရင္ ၁၄ နာရီနဲ႔ အြန္လိုင္း ဂိမ္း ကစားရင္ ၇ နာရီ အသံုးခံပါတယ္။

အေရွ႕ ကင္မရာက 8MP ျဖစ္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုးနဲ႔ LED Flash ၁ လံုး ပါၿပီး 12MP Main , 2MP Macro နဲ႔ 2MP Depth ကင္မရာေတြ ျဖစ္ပါတယ္။ Dual-SIM Support , 4G VoLTE, Wi-Fi 802.11ac, Bluetooth 4.2, GPS, microUSB 2.0 နဲ႔ 3.5mm Audio Jack ေတြ ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာ တပ္ဆင္ထားပါတယ္။

တရုတ္မွာ ၁,၁၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၂ သိန္းခြဲေလာက္ရွိပါတယ္။ Azure နဲ႔ Secret Night Black အေရာင္ ၂ မ်ိဳး ထုတ္လုပ္ထားၿပီး OPPOShop.cn နဲ႔ တျခား တရုတ္ အြန္လိုင္း စတိုးေတြကေန ၀ယ္ယူဖို႔ စာရင္းေပးႏုိင္ပါၿပီ။ ဒီလ ၂၆ ရက္ေန႔မွာ ေရာင္းမွာ ျဖစ္ၿပီး တျခားႏိုင္ငံေတြမွာ ေရာင္းမယ့္ သတင္းကို မသိရေသးပါဘူး။

Ref : gizmochina