OPPO A80 5G ကို နယ်သာလန်မှာ ကြေညာလိုက်ပါတယ်။ 6.67” IPS LCD HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 1,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Android 14 အခြေပြု ColorOS 14 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

OPPO A80 5G

Dimensity 6300 Chipset မောင်းနှင်ထားပြီး 45W Fast Charging ထောက်ပံ့တဲ့ 5,100mAh Battery ထည့်သွင်းထားပါတယ်။ 8GB RAM နဲ့ 256GB Storage ပါပါတယ်။

Oppo A80 5G with Dimensity 6300 processor, 5,100mAh battery launched: Check  price, specs and more | Mobile News

A80 5G မှာ 8MP ဆဲလ်ဖီး ကင်မရာ နဲ့ 50MP Main , 2MP အနောက်ကင်မရာတွေ တပ်ဆင်ထားပြီး Dual SIM , Bluetooth 5.3 , USB-C Port နဲ့ နားကြပ်ပေါက် ထည့်ထားပါတယ်။ IP54 ရေစိုခံစံနှုန်း ပါလာပြီး ရေစိုနေတဲ့ လက်နဲ့ Screen ကို အသုံးပြုနိုင်ပါတယ်။ အရွယ်အစား အပြည့်အစုံက 165.79 x 76.14 x 7.68mm ဖြစ်ပြီး အလေးချိန်က ၁၈၆ ဂရမ် ဖြစ်ပါတယ်။

OPPO A80 5G ကို နယ်သာလန်မှာ ၂၉၉ ယူရို သတ်မှတ်ထားပြီး Starry Black နဲ့ Purple အရောင် ထုတ်လုပ်ထားပါတယ်။

Ref : gizmochina