Oppo ကနေ တလောက Mid Range ဖုန်းတွေဖြစ်တဲ့ Oppo A75 နဲ့ Oppo A75s တို့ကို ထုတ်လုပ်ခဲ့ပြီး အခုနောက်ထပ် A83 စမတ်ဖုန်းကို ထပ်မံထုတ်လုပ်လိုက်ပြီပဲဖြစ်ပါတယ်။

အခုထုတ်လုပ်လိုက်တဲ့ Oppo A83 စမတ်ဖုန်းမှာ 5.7″ HD+ Resolution ရှိတဲ့ 18:9 Display နဲ့ Octa Core 2.5 Ghz ပါဝင်မှာဖြစ်ပါတယ်။ RAM အနေနဲ့ 4GB ပါဝင်မှာဖြစ်သလို ROM ကလည်း 32GB ပါဝင်မှာပါ။ အခု Oppo A83 စမတ်ဖုန်းမှာ ကင်မရာအနေနဲ့ အနောက်ကင်မရာက 13MP နဲ့ Front Selfie Camera ကတော့ 8MP ပါဝင်မှာဖြစ်ပါတယ်။

အခု Oppo A83 စမတ်ဖုန်းဟာ Android 7.1 Nougat နဲ့ Battery 3090mAh ပါဝင်တယ်လို့ သိရပါတယ်။ ဒီ Oppo A83 စမတ်ဖုန်းရဲ့ ထူးခြားချက်ကတော့ Oppo ရဲ့ အဆင့်မြှင့်တင်ထားတဲ့ Face Unlock စနစ်အသစ်ပါဝင်တာဖြစ်ပြီး ကိုယ့်မျက်နှာပြလိုက်တာနဲ့ 0.18 Seconds အတွင်း ဖုန်းကို Unlock ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

အခု Oppo A83 စမတ်ဖုန်းကို ဒေါ်လာ ၂၀၀ ထဲနဲ့ တရုတ်နိုင်ငံမှာ လာမယ့် ဒီဇင်ဘာလ ၂၉ ရက်မှာစတင်ရောင်းချသွားမယ်လို့ သိရပါတယ်။