Oppo ကနေ နောက်ထပ်ဈေးနှုန်းသင့်တင့်ပြီး 18:9 Screen အပြည့် Display နဲ့ ဖုန်းတစ်လုံးကို မကြာခင် မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းကို Oppo A83 လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

အဆိုပါ Oppo A83 ဖုန်းအကြောင်းကို China TENAA Website ကနေ သိရှိခဲ့တာဖြစ်ပြီး အဆိုပါဖုန်းမှာ 5.7″ HD+ 18:9 Ratio Display ပါဝင်မယ်လို့ သိရပါတယ်။ CPU Processor အနေနဲ့တော့ Octa Core 2.5 Ghz Processor လို့ဆိုထားတဲ့အတွက် Snapdragon CPU မဟုတ်ပဲ MediaTek CPU ပဲဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

အခြားသော Specifications တွေအနေနဲ့ကတော့ RAM 2GB နဲ့ Internal Storage 16GB ပါဝင်မှာဖြစ်ပြီး ကင်မရာအနေနဲ့လည်း 13MP Back Camera နဲ့ 8MP Front Selfie Camera ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 3090mAh Battery ပါဝင်လာမယ်လို့ သိရပါတယ်။

Oppo A83 ဖုန်းကို ရွှေရောင် နဲ့ အမည်းရောင်ဆိုပြီး ၂ မျိုး ထုတ်လုပ်မယ်လို့ သိရှိရပြီး တရားဝင်ကြေငြာမယ့် ရက်အတိအကျနဲ့ ဈေးနှုန်းကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် Xiaomi Redmi 5 ဖုန်းနဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။