Unicode

သိပ်မကြာသေးခင်က အင်တာနက်ပေါ်ထွက်ပေါ်လာတဲ့ ပိုစတာတစ်ခုမှာ Oppo ရဲ့ မကြေညာရသေးတဲ့ A91 နဲ့ A8 ဖုန်းသစ်တွေကို စတင်တွေ့ရှိခဲ့ပါတယ်။ ယနေ့မှာတော့ မော်ဒယ်နံပါတ် PCPM00 နဲ့ A91 လို့ယုံကြည်ရတဲ့ Oppo ဖုန်းတစ်လုံးဟာ Geekbench ပေါ်မှာ အဓိက Specs အချို့နဲ့အတူ ပေါ်ထွက်လာခဲ့ပါပြီ။

Oppo A91 ဟန်းဆက်မှာ MediaTek MT6771V/CT ချစ်ပ်ဆက်နဲ့အတူ 8GB RAM မန်မိုရီ၊ Android Pie OS တို့ ပါဝင်မယ်လို့ Geekbench က အတည်ပြုပေးပါတယ်။ Benchmark Database ပေါ်မှာ တွေ့ရတာ ဒါအကုန်ပဲဆိုပေမယ့် ဒီဟန်းဆက်ရဲ့ TENAA ပေါ်က စာရင်းအရလည်း A91 မှာ 6.4” FHD+ AMOLED Display ပါဝင်လာမယ်လို့ ထပ်မံ သိရှိခဲ့ရပါတယ်။ AMOLED Display ရဲ့အတွင်းမှာ Fingerprint လည်း ထည့်သွင်းလာမှာပါ။

A91 ရဲ့ရှေ့ဘက် Notch လေးထဲမှာ 16MP Selfie ကင်မရာလေး ပါဝင်ကာ နောက်ဘက်မှာတော့ 48MP Sensor ဦးဆောင်တဲ့ Quad-cam ထည့်သွင်းထားပါတယ်။ သူ့ကို 8MP Ultrawide Lens တစ်ခုနဲ့ 2MP Modules နှစ်ခုတို့က ဝန်းရံထားပါတယ်။

Oppo A91 မှာ 3,935 mAh ဘက္ထရီကြီးလည်း ပါဝင်မှာဖြစ်ကာ အရင်ကထွက်ထားတဲ့ သတင်းအရတော့ VOOC 3.0 အားသွင်းစနစ်နဲ့ လာမှာဖြစ်ပါတယ်။ TENAA ပေါ်က ဒေတာအရတော့ A91 ဟာ White, Blue ကာလာနှစ်မျိုးနဲ့ ထွက်လာမယ်ဆိုပေမယ့် Leaked Render တွေမှာတော့ Blue-Purple Gradient အရောင်ပြေးကိုပါ မြင်တွေ့ခဲ့ရပါတယ်။

Ref – GSM Arena

Zawgyi

သိပ္မၾကာေသးခင္က အင္တာနက္ေပၚထြက္ေပၚလာတဲ့ ပုိစတာတစ္ခုမွာ Oppo ရဲ႕ မေၾကညာရေသးတဲ့ A91 နဲ႔ A8 ဖုန္းသစ္ေတြကို စတင္ေတြ႕ရွိခဲ့ပါတယ္။ ယေန႔မွာေတာ့ ေမာ္ဒယ္နံပါတ္ PCPM00 နဲ႔ A91 လို႔ယုံၾကည္ရတဲ့ Oppo ဖုန္းတစ္လုံးဟာ Geekbench ေပၚမွာ အဓိက Specs အခ်ဳိ႕နဲ႔အတူ ေပၚထြက္လာခဲ့ပါၿပီ။

Oppo A91 ဟန္းဆက္မွာ MediaTek MT6771V/CT ခ်စ္ပ္ဆက္နဲ႔အတူ 8GB RAM မန္မုိရီ၊ Android Pie OS တုိ႔ ပါဝင္မယ္လို႔ Geekbench က အတည္ျပဳေပးပါတယ္။ Benchmark Database ေပၚမွာ ေတြ႕ရတာ ဒါအကုန္ပဲဆုိေပမယ့္ ဒီဟန္းဆက္ရဲ႕ TENAA ေပၚက စာရင္းအရလည္း A91 မွာ 6.4” FHD+ AMOLED Display ပါဝင္လာမယ္လို႔ ထပ္မံ သိရွိခဲ့ရပါတယ္။ AMOLED Display ရဲ႕အတြင္းမွာ Fingerprint လည္း ထည့္သြင္းလာမွာပါ။

A91 ရဲ႕ေရွ႕ဘက္ Notch ေလးထဲမွာ 16MP Selfie ကင္မရာေလး ပါဝင္ကာ ေနာက္ဘက္မွာေတာ့ 48MP Sensor ဦးေဆာင္တဲ့ Quad-cam ထည့္သြင္းထားပါတယ္။ သူ႕ကို 8MP Ultrawide Lens တစ္ခုနဲ႔ 2MP Modules ႏွစ္ခုတုိ႔က ဝန္းရံထားပါတယ္။

Oppo A91 မွာ 3,935 mAh ဘကၳရီႀကီးလည္း ပါဝင္မွာျဖစ္ကာ အရင္ကထြက္ထားတဲ့ သတင္းအရေတာ့ VOOC 3.0 အားသြင္းစနစ္နဲ႔ လာမွာျဖစ္ပါတယ္။ TENAA ေပၚက ေဒတာအရေတာ့ A91 ဟာ White, Blue ကာလာႏွစ္မ်ဳိးနဲ႔ ထြက္လာမယ္ဆုိေပမယ့္ Leaked Render ေတြမွာေတာ့ Blue-Purple Gradient အေရာင္ေျပးကိုပါ ျမင္ေတြ႕ခဲ့ရပါတယ္။

Ref – GSM Arena