Unicode

Oppo ကုမ္ပဏီဟာ အခုရက်ပိုင်းမှာ သတင်းအစအနထွက်နေတဲ့ Oppo A91 နဲ့ Oppo A8 စမတ်ဖုန်းတွေကို ရုတ်တရက်ဆိုသလို တရုတ်ပြည်တွင်းမှာ မိတ်ဆက်လိုက်ပါတယ်။ Oppo A8 ထက်စာရင်တော့ A91 စမတ်ဖုန်းဟာ Full HD+ Display, In-display Fingerprint, Quad-Camera နဲ့ အားအမြန်သွင်းနည်းပညာတို့ ပါဝင်လာပါတယ်။

Oppo A91 စမတ်ဖုန်းဟာ 4,025 mAh ဘက္ထရီကြီး ပါဝင်ပေမယ့် 7.9mm ထူပြီး 172g သာလေးပါတယ်။ 6.4” လက်မအရွယ် AMOLED Display ဟာ 20:9 Aspect Ratio နဲ့ထွက်လာပြီး Full HD+ Resolution ထောက်ပံ့ပေးနိုင်ပါတယ်။ Screen-to-body အချိုးက 90.7% ထိရှိပြီး Fingerprint ကိုလည်း Display အတွင်းမှာပဲ ထည့်လာခဲ့ပါတယ်။

အတွင်းမှာ MediaTek Helio P70 ချစ်ပ်ဆက်ကို 8GB RAM မန်မိုရီနဲ့ တွဲဖက်လာတယ်။ Storage အနေနဲ့ 128GB ပါဝင်မှာဖြစ်ပြီး MicroSD Card Slot လည်း ပါမှာပါ။ နောက်ထပ် အားသာချက်တစ်ခုက Oppo A91 ရဲ့ 4,025 mAh ဘက္ထရီကြီးမှာ VOOC 4.0 အားသွင်းနည်းပညာသစ်ပါဝင်လာတာဖြစ်ပါတယ်။

ကုမ္ပဏီကတော့ ဒီဖုန်းကို 30W အားသွင်းစနစ်နဲ့ဆိုရင် နာရီဝက်အတွင်း 50% ထိ ပြည့်မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ A91 မှာ စက်နှင်စနစ်အနေနဲ့ Android 9 OS ကိုပဲ အခြေခံထားတဲ့ ColorOS 6.1 ဖြင့်သာ အသုံးပြုရဦးမှာပါ။ မိုဘိုင်းဂိမ်မာတွေအတွက် Game Boost 2.0 စနစ်လည်း ပါပါတယ်။

ရှေ့ဘက်က Notch လေးထဲမှာ 16MP Selfie ကင်မရာထည့်သွင်းထားပြီး နောက်ဘက်မှာတော့ 48MP Sensor ဦးဆောင်တဲ့ Quad-cam ကိုမြင်ရမှာပါ။ သူ့မှာ 8MP Ultrawide နဲ့ 2MP Lens နှစ်ခုတို့ဖြင့် တွဲဖက်ထားပါတယ်။ Oppo ရဲ့ ထုံးစံအတိုင်း ရိုက်ချက်ငြိမ်ဗီဒီယို Feature တွေ၊ ပိုကောင်းတဲ့ Portrait စနစ်တွေ စသဖြင့် ထည့်သွင်းထားပါတယ်။

Oppo A91 ဖုန်းဟာ တရုတ်ပြည်တွင်းမှာတော့ စတင်မှာယူနိုင်နေပါပြီ။ ဈေးနှုန်းက ယွမ် ၁,၉၉၉ (မြန်မာငွေ လေးသိန်းသုံးသောင်းနီးပါး) သတ်မှတ်ထားကာ Red, Black နဲ့ Blue အရောင်သုံးမျိုးဖြင့် ရရှိနိုင်မှာပါ။

Ref – Gizmo China

Zawgyi

Oppo ကုမၸဏီဟာ အခုရက္ပုိင္းမွာ သတင္းအစအနထြက္ေနတဲ့ Oppo A91 နဲ႔ Oppo A8 စမတ္ဖုန္းေတြကို ရုတ္တရက္ဆုိသလို တရုတ္ျပည္တြင္းမွာ မိတ္ဆက္လိုက္ပါတယ္။ Oppo A8 ထက္စာရင္ေတာ့ A91 စမတ္ဖုန္းဟာ Full HD+ Display, In-display Fingerprint, Quad-Camera နဲ႔ အားအျမန္သြင္းနည္းပညာတုိ႔ ပါဝင္လာပါတယ္။

Oppo A91 စမတ္ဖုန္းဟာ 4,025 mAh ဘကၳရီႀကီး ပါဝင္ေပမယ့္ 7.9mm ထူၿပီး 172g သာေလးပါတယ္။ 6.4” လက္မအရြယ္ AMOLED Display ဟာ 20:9 Aspect Ratio နဲ႔ထြက္လာၿပီး Full HD+ Resolution ေထာက္ပံ့ေပးႏုိင္ပါတယ္။ Screen-to-body အခ်ဳိးက 90.7% ထိရွိၿပီး Fingerprint ကိုလည္း Display အတြင္းမွာပဲ ထည့္လာခဲ့ပါတယ္။

အတြင္းမွာ MediaTek Helio P70 ခ်စ္္ပ္ဆက္ကို 8GB RAM မန္မုိရီနဲ႔ တြဲဖက္လာတယ္။ Storage အေနနဲ႔ 128GB ပါဝင္မွာျဖစ္ၿပီး MicroSD Card Slot လည္း ပါမွာပါ။ ေနာက္ထပ္ အားသာခ်က္တစ္ခုက Oppo A91 ရဲ႕ 4,025 mAh ဘကၳရီႀကီးမွာ VOOC 4.0 အားသြင္းနည္းပညာသစ္ပါဝင္လာတာျဖစ္ပါတယ္။

ကုမၸဏီကေတာ့ ဒီဖုန္းကို 30W အားသြင္းစနစ္နဲ႔ဆုိရင္ နာရီဝက္အတြင္း 50% ထိ ျပည့္မွာျဖစ္တယ္လုိ႔ ေျပာခဲ့ပါတယ္။ A91 မွာ စက္ႏွင္စနစ္အေနနဲ႔ Android 9 OS ကုိပဲ အေျခခံထားတဲ့ ColorOS 6.1 ျဖင့္သာ အသုံးျပဳရဦးမွာပါ။ မိုဘုိင္းဂိမ္မာေတြအတြက္ Game Boost 2.0 စနစ္လည္း ပါပါတယ္။

ေရွ႕ဘက္က Notch ေလးထဲမွာ 16MP Selfie ကင္မရာထည့္သြင္းထားၿပီး ေနာက္ဘက္မွာေတာ့ 48MP Sensor ဦးေဆာင္တဲ့ Quad-cam ကိုျမင္ရမွာပါ။ သူ႕မွာ 8MP Ultrawide နဲ႔ 2MP Lens ႏွစ္ခုတုိ႔ျဖင့္ တြဲဖက္ထားပါတယ္။ Oppo ရဲ႕ ထုံးစံအတုိင္း ရုိက္ခ်က္ျငိမ္ဗီဒီယုိ Feature ေတြ၊ ပုိေကာင္းတဲ့ Portrait စနစ္ေတြ စသျဖင့္ ထည့္သြင္းထားပါတယ္။

Oppo A91 ဖုန္းဟာ တရုတ္ျပည္တြင္းမွာေတာ့ စတင္မွာယူႏုိင္ေနပါၿပီ။ ေစ်းႏႈန္းက ယြမ္ ၁,၉၉၉ (ျမန္မာေငြ ေလးသိန္းသုံးေသာင္းနီးပါး) သတ္မွတ္ထားကာ Red, Black နဲ႔ Blue အေရာင္သုံးမ်ဳိးျဖင့္ ရရွိႏုိင္မွာပါ။

Ref – Gizmo China