Zawgyi

ယမန္ေန႔က Oppo ဟာ Oppo A9 (2020) နဲ႔ Oppo A5 (2020) အမည္ရ စမတ္ဖုန္းေတြကို အိႏၵိယ ေစ်းကြက္မွာ စတင္မိတ္ဆက္ခဲ့ပါတယ္။ ေမာ္ဒယ္နံပါတ္ OPPO PCHM30 / PCHT30 ဖုန္းဟာ အခုလ အေစာပိုင္းတုန္းက TENAA ေပၚမွာ တရုတ္ႏုိင္ငံေစ်းကြက္အတြက္ Oppo A9 (2020) ဆုိၿပီးေပၚလာခဲ့တာပါ။

ဒီေန႔မွာ TENAA ဝက္ဆုိက္ေပၚကို PCHM10 / PCHT10 ဆုိတဲ့ အမည္နဲ႔ ဟန္းဆက္တစ္လုံး ေရာက္ရွိလာခဲ့ၿပီး ဒီေကာင္ကေတာ့ တရုတ္ႏုိင္ငံမွာ Oppo A5 (2020) အျဖစ္ မိတ္ဆက္မယ့္ စမတ္ဖုန္းလို႔ ယူဆရပါတယ္။ ဒါေပမယ့္ ဒီနာမည္နဲ႔မိတ္ဆက္မွာမဟုတ္ဘဲ Oppo A9s ဆုိတဲ့ အမည္နဲ႔ ေျပာင္းလဲ မိတ္ဆက္လာမယ္လို႔ သတင္းထြက္ထားတယ္။

သူ႕ရဲ႕ TENAA ေပၚသို႔ တင္ထားတဲ့ Specs ထဲမွာ OPPO PCHM10 / PCHT10 ဟန္းဆက္ဟာ ကုိယ္ထည္အခ်ဳိး 163.6 x 75.6 x 9.1mm ရွိၿပီး အေလးခ်ိန္ 195g ေလးပါတယ္။ Display ကေတာ့ 6.5” လက္မအရြယ္ အႀကီးစား HD+ Screen ပါ။

အတြင္းမွာ အသုံးျပဳထားတဲ့ 2.0GHz Octa-core ပရုိဆက္ဆာကေတာ့ Snapdragon 665 ခ်စ္ပ္ ျဖစ္ႏုိင္ပါတယ္။ ဒါကို 4GB RAM နဲ႔ 128GB Storage မန္မုိရီတုိ႔ျဖင့္ တြဲဖက္ေပးထားၿပီး MicroSD Slot လည္း ပါပါတယ္။ စစထြက္ခ်င္းမွာေတာ့ Android 9 Pie နဲ႔ အသုံးျပဳရမွာပါ။

ဖုန္းရဲ႕ေနာက္ေက်ာဘက္မွာ 12MP + 8MP + 2MP + 2MP Quad-camera အတြဲကို ေတြ႕ရမွာျဖစ္ၿပီး Selfie ကလည္း 8MP ပဲျဖစ္ပါတယ္။ ဘကၳရီကေတာ့ 5,000 mAh ျဖစ္ေပမယ့္ Fast Charging စနစ္ေတာ့ ပါမလာခဲ့ပါဘူး။

TENAA ေပၚမွာ Specs အျပည့္အစုံနဲ႔ထြက္လာၿပီျဖစ္တဲ့အတြက္ Oppo A9s ကုိ မိတ္ဆက္လာမယ့္ အခ်ိန္က သိပ္မေဝးေတာ့ဘူးလို႔ ယူဆရပါတယ္။ ေစ်းႏႈန္းနဲ႔ ထြက္ရွိရက္စတာေတြကို မၾကာခင္မွာ သိရေတာ့မွာပါ။

Ref – Playful Droid

Unicode

ယမန်နေ့က Oppo ဟာ Oppo A9 (2020) နဲ့ Oppo A5 (2020) အမည်ရ စမတ်ဖုန်းတွေကို အိန္ဒိယ ဈေးကွက်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ မော်ဒယ်နံပါတ် OPPO PCHM30 / PCHT30 ဖုန်းဟာ အခုလ အစောပိုင်းတုန်းက TENAA ပေါ်မှာ တရုတ်နိုင်ငံဈေးကွက်အတွက် Oppo A9 (2020) ဆိုပြီးပေါ်လာခဲ့တာပါ။

ဒီနေ့မှာ TENAA ဝက်ဆိုက်ပေါ်ကို PCHM10 / PCHT10 ဆိုတဲ့ အမည်နဲ့ ဟန်းဆက်တစ်လုံး ရောက်ရှိလာခဲ့ပြီး ဒီကောင်ကတော့ တရုတ်နိုင်ငံမှာ Oppo A5 (2020) အဖြစ် မိတ်ဆက်မယ့် စမတ်ဖုန်းလို့ ယူဆရပါတယ်။ ဒါပေမယ့် ဒီနာမည်နဲ့မိတ်ဆက်မှာမဟုတ်ဘဲ Oppo A9s ဆိုတဲ့ အမည်နဲ့ ပြောင်းလဲ မိတ်ဆက်လာမယ်လို့ သတင်းထွက်ထားတယ်။

သူ့ရဲ့ TENAA ပေါ်သို့ တင်ထားတဲ့ Specs ထဲမှာ OPPO PCHM10 / PCHT10 ဟန်းဆက်ဟာ ကိုယ်ထည်အချိုး 163.6 x 75.6 x 9.1mm ရှိပြီး အလေးချိန် 195g လေးပါတယ်။ Display ကတော့ 6.5” လက်မအရွယ် အကြီးစား HD+ Screen ပါ။

အတွင်းမှာ အသုံးပြုထားတဲ့ 2.0GHz Octa-core ပရိုဆက်ဆာကတော့ Snapdragon 665 ချစ်ပ် ဖြစ်နိုင်ပါတယ်။ ဒါကို 4GB RAM နဲ့ 128GB Storage မန်မိုရီတို့ဖြင့် တွဲဖက်ပေးထားပြီး MicroSD Slot လည်း ပါပါတယ်။ စစထွက်ချင်းမှာတော့ Android 9 Pie နဲ့ အသုံးပြုရမှာပါ။

ဖုန်းရဲ့နောက်ကျောဘက်မှာ 12MP + 8MP + 2MP + 2MP Quad-camera အတွဲကို တွေ့ရမှာဖြစ်ပြီး Selfie ကလည်း 8MP ပဲဖြစ်ပါတယ်။ ဘက္ထရီကတော့ 5,000 mAh ဖြစ်ပေမယ့် Fast Charging စနစ်တော့ ပါမလာခဲ့ပါဘူး။

TENAA ပေါ်မှာ Specs အပြည့်အစုံနဲ့ထွက်လာပြီဖြစ်တဲ့အတွက် Oppo A9s ကို မိတ်ဆက်လာမယ့် အချိန်က သိပ်မဝေးတော့ဘူးလို့ ယူဆရပါတယ်။ ဈေးနှုန်းနဲ့ ထွက်ရှိရက်စတာတွေကို မကြာခင်မှာ သိရတော့မှာပါ။

Ref – Playful Droid