Oppo Ace2 စမတ်ဖုန်းသစ်ကို ဧပြီလ ၁၃ ရက်နေ့မှာ တရုတ်နိုင်ငံဈေးကွက်အတွင်း မိတ်ဆက်သွားမှာဖြစ်ပါတယ်။ မိတ်ဆက်ပွဲမတိုင်ခင် ဒီဖုန်းကို JD.com မှာ ကြိုတင်မှာယူနိုင်ဖို့ တက်လာတာကိုတွေ့ရပြီး သူ့ရဲ့စာရင်းထဲမှာ ကာလာနှစ်မျိုးနဲ့ တရားဝင် Renders ပုံရိပ်တွေကို မြင်လာရသလို Oppo ကိုယ်တိုင်က ဒီဖုန်းမှာပါလာမယ့် အားအမြန်သွင်း စနစ်ကို အတည်ပြုပေးခဲ့ပါတယ်။

Ace2 အတွက် JD ရဲ့တင်ထားတဲ့စာရင်းမှာ Moon Rock Ash နဲ့ Fantasy Purple ဆိုတဲ့ အရောင်နှစ်မျိုးနဲ့ တွေ့ရပါတယ်။ ဒါ့အပြင် Ace2 ဟာ 8/128GB, 8/256GB နဲ့ 12/256GB ဆိုပြီး မန်မိုရီသုံးမျိုးနဲ့ရောက်လာမယ်ဆိုတာလည်း သိခွင့်ရလာခဲ့ပါတယ်။ ဈေးနှုန်းကတော့ မိတ်ဆက်မယ့်ရက်မှသိရမှာဖြစ်ပြီး တရုတ်ပြည်တွင်းမှာတော့ ယွမ် ၃၀၀၀ ကနေ ၄၀၀၀ ကြား (မြန်မာကျပ်ငွေ ၆ သိန်းမှ ၈ သိန်း) ရှိမယ်လို့ မျှော်လင့်ရပါတယ်။

တရုတ်အခြေစိုက်ထုတ်လုပ်သူဟာ ယနေ့မှာ Weibo ကနေ 65W SuperVOOC 2.0 အားသွင်းစနစ်ပါလာမယ်လို့ ထပ်မံအတည်ပြုပေးခဲ့ပါသေးတယ်။ ယခင်မျိုးဆက် Oppo Reno Ace မှာလည်း 65W Fast Charging ပါခဲ့တာဆိုတော့ ဒီလောက်ကတော့ ပါကိုပါမှရမှာပါ။ Ace2 မှာ 40W ကြိုးမဲ့အားသွင်းစနစ်လည်းပါမယ်လို့ ဆိုပါတယ်။

Ace2 မှာ Snapdragon 865 ချစ်ပ်ဆက်နဲ့ LPDDR5 RAM တို့ကိုမြင်ရမှာပါ။ Display က 6.5” လက်မအရွယ်ဖြစ်ပြီး AMOLED Panel မှာ Punch-hole နဲ့ဖြစ်ပါတယ်။ ဘက္ထရီပမာဏက 4,000 mAh ဖြစ်ပါတယ်။ ကင်မရာက 48MP + 8MP 2MP + 2MP ဖြစ်ပြီး ဆဲလ်ဖီကင်မရာကတော့ 16MP ပါ။

Ref – GizmoChina