[Zawgyi]

ပီကင္းမွာ က်င္းပေနတဲ့ China Mobile ရဲ႕ Parteners Conference မွာ BKK Electronics ရဲ႕ ကုမၸဏီႏွစ္ခုျဖစ္တဲ့ Oppo နဲ႔ Vivo တို႔ကလည္း သူတို႔ရဲ႕ 5G စမတ္ဖုန္း Demo ေတြကို ျပသသြားတယ္လို႔ သိရပါတယ္။ ကုမၸဏီႏွစ္ခုစလုံးဟာ Qualcomm Snapdragon X50 modem အသုံးျပဳထားတဲ့ သူတို႔ရဲ႕ ကိုယ္ပိုင္အမွတ္တံဆိပ္ကိုယ္စီနဲ႔ 5G စမတ္ဖုန္း ေရွ႕ေျပးပုံစံေတြကို ျပသခဲ့တာ ျဖစ္ပါတယ္။

Oppo ကေတာ့ Find X ကို ျပသတာျဖစ္ပါတယ္။ Oppo ဟာ Fine X ကိုအသုံးျပဳၿပီး 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္ခဲ့သလို ဝက္ဘ္ဆိုက္စာမ်က္ႏွာအခ်ိဳ႕နဲ႔ ဗီဒီယိုေတြကိုလည္း ဝင္ေရာက္ၾကည့္ရႈႏိုင္ခဲ့တာကို ေဖာ္ျပခဲ့ပါတယ္။ Oppo ဟာ သီးသန႔္ဆာဗာကိုခ်ိတ္ဆက္ၿပီး စကၠန႔္ပိုင္းအတြင္းမွာ မ်ားျပားလွတဲ့ အခ်က္အလက္ေတြနဲ႔ လုပ္ေဆာင္မႈေတြကို ဆြဲယူျပသြားတာ ျဖစ္ပါတယ္။

Vivo ကလည္း Vivo NEX 5G စမတ္ဖုန္း ေရွ႕ေျပးပုံစံကို ျပသခဲ့ပါေသးတယ္။ Vivo NEX S ကိုအေျခခံထားၿပီး Snapdragon X50 modem ကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ Vivo ဟာ သူတို႔ရဲ႕ 5G ေရွ႕ေျပးပုံစံ စမတ္ဖုန္းကို 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္ၿပီး ဗီဒီယို႐ိုက္ကူး တိုက္႐ိုက္ထုတ္လႊင့္ျပသခဲ့ရာမွာ Lag ျခင္းလုံးဝမရွိဘဲ ေအာင္ျမင္ေခ်ာေမြ႕စြာ ျပသႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

ေနာက္ထပ္ 5G စမတ္ဖုန္း ေရွ႕ေျပးပုံစံကိုျပသခဲ့တဲ့ ကုမၸဏီကေတာ့ Xiaomi ပဲျဖစ္ပါတယ္။ သူကေတာ့ Mi Mix 3 5G ကိုျပသခဲ့တာပါ။ ဒီအေၾကာင္းကို MyTech Myanmar မွာ ေဖာ္ျပခဲ့ၿပီးသားျဖစ္ပါတယ္။ Mi Mix 3 ကေတာ့ ၂၀၁၉ ပထမသုံးလပတ္ထဲမွာ ရရွိႏိုင္မယ္လို႔ သိရပါတယ္။ သူကေတာ့ Snapdragon 855 ကို အသုံးျပဳထားတာပဲ ျဖစ္ပါတယ္။ Oppo နဲ႔ Vivo တို႔အေနနဲ႔ အမွန္တကယ္ 5G-based စမတ္ဖုန္းေတြကို ျပသခဲ့တာမဟုတ္ေသးေပမယ့္ လာမယ့္ ၂၀၁၉ အေစာပိုင္းမွာေတာ့ တရားဝင္ေၾကညာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

 

Ref: GSMarena

 

[Unicode]

ပီကင်းမှာ ကျင်းပနေတဲ့ China Mobile ရဲ့ Parteners Conference မှာ BKK Electronics ရဲ့ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Oppo နဲ့ Vivo တို့ကလည်း သူတို့ရဲ့ 5G စမတ်ဖုန်း Demo တွေကို ပြသသွားတယ်လို့ သိရပါတယ်။ ကုမ္ပဏီနှစ်ခုစလုံးဟာ Qualcomm Snapdragon X50 modem အသုံးပြုထားတဲ့ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ကိုယ်စီနဲ့ 5G စမတ်ဖုန်း ရှေ့ပြေးပုံစံတွေကို ပြသခဲ့တာ ဖြစ်ပါတယ်။

Oppo ကတော့ Find X ကို ပြသတာဖြစ်ပါတယ်။ Oppo ဟာ Fine X ကိုအသုံးပြုပြီး 5G ကွန်ရက်နဲ့ ချိတ်ဆက်ခဲ့သလို ဝက်ဘ်ဆိုက်စာမျက်နှာအချို့နဲ့ ဗီဒီယိုတွေကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်ခဲ့တာကို ဖော်ပြခဲ့ပါတယ်။ Oppo ဟာ သီးသန့်ဆာဗာကိုချိတ်ဆက်ပြီး စက္ကန့်ပိုင်းအတွင်းမှာ များပြားလှတဲ့ အချက်အလက်တွေနဲ့ လုပ်ဆောင်မှုတွေကို ဆွဲယူပြသွားတာ ဖြစ်ပါတယ်။

Vivo ကလည်း Vivo NEX 5G စမတ်ဖုန်း ရှေ့ပြေးပုံစံကို ပြသခဲ့ပါသေးတယ်။ Vivo NEX S ကိုအခြေခံထားပြီး Snapdragon X50 modem ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Vivo ဟာ သူတို့ရဲ့ 5G ရှေ့ပြေးပုံစံ စမတ်ဖုန်းကို 5G ကွန်ရက်နဲ့ ချိတ်ဆက်ပြီး ဗီဒီယိုရိုက်ကူး တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ရာမှာ Lag ခြင်းလုံးဝမရှိဘဲ အောင်မြင်ချောမွေ့စွာ ပြသနိုင်ခဲ့တာကို တွေ့ရပါတယ်။

နောက်ထပ် 5G စမတ်ဖုန်း ရှေ့ပြေးပုံစံကိုပြသခဲ့တဲ့ ကုမ္ပဏီကတော့ Xiaomi ပဲဖြစ်ပါတယ်။ သူကတော့ Mi Mix 3 5G ကိုပြသခဲ့တာပါ။ ဒီအကြောင်းကို MyTech Myanmar မှာ ဖော်ပြခဲ့ပြီးသားဖြစ်ပါတယ်။ Mi Mix 3 ကတော့ ၂၀၁၉ ပထမသုံးလပတ်ထဲမှာ ရရှိနိုင်မယ်လို့ သိရပါတယ်။ သူကတော့ Snapdragon 855 ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ Oppo နဲ့ Vivo တို့အနေနဲ့ အမှန်တကယ် 5G-based စမတ်ဖုန်းတွေကို ပြသခဲ့တာမဟုတ်သေးပေမယ့် လာမယ့် ၂၀၁၉ အစောပိုင်းမှာတော့ တရားဝင်ကြေညာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

 

Ref: GSMarena