Oppo ကနေပြီးတော့ သူရဲ့ High End Phone တစ်ခုဖြစ်တဲ့ Oppo R11s ကို ယနေ့ တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။ အခုကြေငြာလိုက်တဲ့ Oppo R11s မှာဆိုပြီး တလောက ကြေငြာခဲ့တဲ့ Oppo F5 စမတ်ဖုန်းနဲ့ တူညီတဲ့ဆိုပေမယ့် စွမ်းဆောင်ရည်ပိုင်းနဲ့ Features တွေမှာတော့ ကွာခြားသွားတာကို တွေ့ရပါတယ်။

Design ပိုင်းအနေနဲ့ကတော့ Oppo R11s မှာဆိုရင် 6.01″ Full HD+ 18:9 Ratio Display ပါဝင်မှာဖြစ်ပြီးတော့ တစ်ခုထူးခြားတာက ပုံမှန် Speaker ကို အောက်မှာထားတဲ့ဖုန်းတွေမှာဖြစ်တတ်တဲ့ ဂိမ်းကစားတဲ့အခါမှာ လက်က Speaker ကို အုပ်ထားမိတာမျိုးမဖြစ်အောင် ပြောင်းလဲထားတယ်လို့ သိရပါတယ်။

Oppo R11s ကို R11 ဖုန်းလိုမျိုးပဲ Snapdragon 660 CPU နဲ့ RAM 4GB, 64GB Storage ပါဝင်မှာဖြစ်ပြီး Gaming အတွက် 60fps အမြဲရရှိနေစေမယ့် High Performance Mode ပါဝင်လာမှာဖြစ်ပါတယ်။

ကင်မရာအနေနဲ့ကတော့ Primary အနေနဲ့ အနောက်ဖက်မှာ 16MP + 20MP ပါဝင်လာမှာဖြစ်ပြီးတော့ Front Selfie Camera ကတော့ 20MP ပါဝင်မှာပါ။ ထူးခြားချက်အနေနဲ့ကတော့ Oppo F5 ဖုန်းလိုပဲ AI Based Beautification စနစ်ပါဝင်မယ်လို့ သိရပါတယ်။ နောက်ထူးခြားချက်တစ်ခုက Face Unlock Feature ပါဝင်တဲ့အပြင် AI နည်းပညာနဲ့ပါတွဲဖက်ထားတဲ့အတွက် 0.08 Seconds အတွင်း Lock ဖွင့်နိုင်မယ်လို့ ပြောကြားထားတာပဲဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ Oppo R11s ကို 2,999 Yuan ( မြန်မာငွေ ၆ သိန်းဝန်းကျင်နဲ့) ရောင်းချသွားမယ်လို့ သိရှိရပါတယ်။