တရုတ်နိုင်ငံရဲ့ Research Company တစ်ခုဖြစ်တဲ့ Counterpoint ရဲ့ လေ့လာဆန်းစစ်ချက်အရ Oppo ဟာ လက်ရှိ ၂၀၁၇ ခုနှစ် တတိယ ၃ လပတ် တရုတ်နိုင်ငံအတွင်းမှာ ရောင်းအားအကောင်းဆုံးသော စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

အခုလိုမျိုး Oppo ကနေ တရုတ်နိုင်ငံ စမတ်ဖုန်းဈေးကွက်ကို ၁၈.၉ ရာခိုင်နှုန်းနဲ့ ပထရယူလိုက်နိုင်ပေမယ့် အနောက်မှာ Huawei နဲ့ Vivo တို့က ဒုတိယနေရာမှာ ပူးတွဲရယူထားတယ်လို့သိရပါတယ်။ Xiaomi Brand ကတော့ Apple ရဲ့ အပေါ်ကိုရောက်သွားပြီး စတုတ္ထနေရာမှာရှိနေတာပဲဖြစ်ပါတယ်။

အခုလိုမျိုး Oppo အနေနဲ့ မနှစ်ကလည်း တရုတ်နိုင်ငံဈေးကွက်ရဲ့ ပထမနေရာကို ရရှိခဲ့သေးတဲ့အတွက် ရောင်းအားက အခုအချိန်အထိ ကျဆင်းသေးချင်းမရှိဘူးလို့ ပြောလို့ရပါတယ်။