[Zawgyi]
Gradient Color လို့ခေါ်တဲ့ ရောင်ပြေးကာလာဒီဇိုင်းဟာ ယနေ့ခေတ် စမတ်ဖုန်းဈေးကွက်ထဲမှာ ရေပန်းစားပြီး လူကြိုက်များနေတဲ့ ခေတ်ပေါ်ဒီဇိုင်းပါ။ ဟိုအရင်တုန်းက စမတ်ဖုန်းတွေလိုမျိုး အဖြူ ဒါမှမဟုတ် အမည်း အရောင်တစ်မျိုးတည်း မဟုတ်တော့ဘဲ ဆန်းဆန်းပြားပြားအရောင်လေးတွေကို ရောစပ်ပြီး ရောင်ပြေးကာလာဒီဇိုင်းအဖြစ် ဖန်တီးလိုက်တာက အရောင်တစ်မျိုးတည်းပါတဲ့ စမတ်ဖုန်းတွေထက် ပိုပြီး ဆွဲဆောင်မှု ရှိစေတာတော့ အမှန်ပါပဲ။
OPPO F11 Pro အတွက် Thunder Black နဲ့ Aurora Green ဆိုပြီး ရောင်ပြေးကာလာဒီဇိုင်း ၂မျိုး ထုတ်လုပ်ထားပါတယ်။ Thunder Black က ညဘက် ကောင်းကင်ယံမှာ တွေ့ရတဲ့ ဥက္ကာကြယ်တွေလိုမျိုး အနက်ရောင် ကိုယ်ထည်မှာ အနီနဲ့ အပြာကို Three-color အဖြစ် ၃ရောင်ရောစပ်ပြီး နက်နဲသိမ်မွေ့တဲ့ မဟူရာအရောင်ကို ရရှိအောင် ဖန်းတီထားတာဖြစ်ပြီး Aurora Green ကတော့ အပြာနဲ့ အစိမ်းကို ရောစပ်ပြီး ထူးခြားတဲ့ ရောင်ပြေးကာလာဒီဇိုင်း ရရှိအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
Partner Content
[Unicode]
OPPO ရဲ့ ဆန်းသစ်ပြောင်းလဲလာတဲ့ ရောင်ပြေးကာလာဒီဇိုင်းများ
Gradient Color လို့ခေါ်တဲ့ ရောင်ပြေးကာလာဒီဇိုင်းဟာ ယနေ့ခေတ် စမတ်ဖုန်းစျေးကွက်ထဲမှာ ရေပန်းစားပြီး လူကြိုက်များနေတဲ့ ခေတ်ပေါ်ဒီဇိုင်းပါ။ ဟိုအရင်တုန်းက စမတ်ဖုန်းတွေလိုမျိူး အဖြူ ဒါမှမဟုတ် အမည်း အရောင်တစ်မျိူးတည်း မဟုတ်တော့ဘဲ ဆန်းဆန်းပြားပြားအရောင်လေးတွေကို ရောစပ်ပြီး ရောင်ပြေးကာလာဒီဇိုင်းအဖြစ် ဖန်တီးလိုက်တာက အရောင်တစ်မျိူးတည်းပါတဲ့ စမတ်ဖုန်းတွေထက် ပိုပြီး ဆွဲဆောင်မှု ရှိစေတာတော့ အမှန်ပါပဲ။
OPPO ဟာ (Gradient Color) ရောင်ပြေးကာလာနဲ့ ဖန်တီးထားတဲ့ OPPO R15 Nebula Special Edition စမတ်ဖုန်းကို ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် မတ်လတုန်းက စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၈ခုနှစ် သြဂုတ်လမှာ ရောင်ပြေးကာလာဒီဇိုင်းနဲ့ OPPO F9 ကို ထပ်မံ မိတ်ဆက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကို OPPO F9 ဝင်ရောက်လာခဲ့တဲ့အခါမှာလည်း F9 မှာပါဝင်တဲ့ Waterdrop Notch Display နဲ့ ရောင်ပြေးကာလာဒီဇိုင်းလေးတွေကြောင့် ပြည်တွင်းစျေးကွက်ထဲမှာ အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုဆိုရင် OPPO Myanmar ဟာ OPPO F9 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ OPPO F11 Pro ကို သိပ်မကြာခင်မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ F11 Pro မှာတော့ ရောင်ပြေးကာလာဒီဇိုင်းရဲ့ ပြေပြစ်ကြော့ရှင်းမှုနဲ့အတူ ထင်ရှားပေါ်လွင်တဲ့ သဘာဝအလှတရားတို့ကို ရောစပ်ထားတဲ့ ဖက်ရှင်ဒီဇိုင်းသစ် ပါဝင်ပြီး “သဘာဝတရားမှ ဖန်တီးမှု” ဆိုတဲ့ အနုပညာဆန်ဆန်စိတ်ကူးတွေနဲ့ အခြေခံပုံဖော်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အရောင်ကာလာ စီးဆင်းမှုအတွက် ဟန်ချက်ညီတဲ့ အလှတရားကို သဘာဝအလင်းရောင်ရဲ့ အလှတရားကနေပြီး စိတ်ကူးဖန်းတီးထားတယ်လို့လည်း ပြောကြားထားပါသေးတယ်။
OPPO F11 Pro အတွက် Thunder Black နဲ့ Aurora Green ဆိုပြီး ရောင်ပြေးကာလာဒီဇိုင်း ၂မျိူး ထုတ်လုပ်ထားပါတယ်။ Thunder Black က ညဘက် ကောင်းကင်ယံမှာ တွေ့ရတဲ့ ဥက္ကာကြယ်တွေလိုမျိူး အနက်ရောင် ကိုယ်ထည်မှာ အနီနဲ့ အပြာကို Three-color အဖြစ် ၃ရောင်ရောစပ်ပြီးး နက်နဲသိမ်မွေ့တဲ့ မဟူရာအရောင်ကို ရရှိအောင် ဖန်းတီထားတာဖြစ်ပြီး Aurora Green ကတော့ အပြာနဲ့ အစိမ်းကို ရောစပ်ပြီး ထူးခြားတဲ့ ရောင်ပြေးကာလာဒီဇိုင်း ရရှိအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
OPPO F11 Pro ဟာ 48MP+5MP Dual Rear Camera နဲ့ 16MP Rising (Pop-up) Camera တွေကို တပ်ဆင်ထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ F9 တုန်းကလိုမျိူး Waterdrop Notch မပါတဲ့ 6.5” Panoramic Screen ကို အသုံးပြုထားတာကြောင့် Screen-to-body-ratio က ၉၀.၉% အထိ ရှိလာတယ်လို့ သိရပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh ထည့်သွင်းပေးထားပြီး MicroUSB ကနေတစ်ဆင့် VOOC Flash Charge 3.0 အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မှာပါ။ Processor အပိုင်းအတွက် MediaTek Helio P70 (12nm) SoC ကို အသုံးပြုထားပြီး Operating System ကို OPPO ရဲ့ Color OS 6.0 နဲ့ ပြန်လည် ဆန်းသစ်ထားပါတယ်။ စျေးနှုန်းကိုတော့ F11 Pro မိတ်ဆက်ပွဲနေ့မှာ OPPO Myanmar ဘက်က တရားဝင် ထုတ်ပြန်ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။
OPPO F11 Pro ရဲ့ အကြောင်းကို အသေးစိတ် သိရှိလိုပါက အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://www.oppo.com/mm/smartphone-f11-pro/?utm_source=MyTechMyanmar&utm_medium=View&utm_campaign=F11_Pro
Partner Content