Android 13 ကို အခြေခံထားသည့် အသစ်စက်စက် ColorOS 13 တွင် တိကျပြီး သက်သောင့်သက်သာရှိသော Aquamorphic Design၊ စမတ်ကျကျ အပြန်အလှန် ချိတ်ဆက်နိုင်ခြင်းနှင့် ပိုမိုစမတ်ကျပြီး လွယ်ကူအဆင်ပြေသည့် လူနေမှုဘဝ ပိုင်ဆိုင်နိုင်ရန်အတွက် စွမ်းဆောင်ရည်များအားလုံးကို မြှင့်တင်ထားသည်။

OPPO မှ နောက်ဆုံးပေါ် Android ကို အခြေခံထားသော Operating System ဖြစ်သည့် ColorOS 13 ၏ Global version ကို Global User များအတွက် တရားဝင်ဖြန့်ချိ မိတ်ဆက်လိုက်ပြီဖြစ်သည်။ အသစ်ထွက်ရှိထားသော Android 13 ကို အခြေခံသည့် ပထမဆုံး Operating System တစ်ခုဖြစ်သော ColorOS 13 တွင် တိကျပြီး သက်သောင့်သက်သာရှိသော မြင်ကွင်းအတွေ့အကြုံနှင့် အသုံးပြုရလွယ်ကူသော UI တို့ကို ပေးစွမ်းမည့် Aquamorphic ဒီဇိုင်းအသစ်ကို မိတ်ဆက်ရင်း Android 13 ၏ အဓိကကျသော လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်းထားသည်။ OPPO ၏ နောက်ဆုံးပေါ် နည်းပညာ ဆန်းသစ်တီထွင်မှုများ ပါဝင်သည့် ColorOS 13 တွင် ခေတ်မီသော အတွေ့အကြုံများနှင့် လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ပေးရန် Device များစွာ ချိတ်ဆက် အသုံးပြုနိုင်မည့် Smart Multi-device Connection ကဲ့သို့သော လုပ်ဆောင်ချက်အသစ်များ ပါဝင်လာသည်။

တိကျပြီး သက်တောင့်သက်သာရှိသော UI ကို ပိုင်ဆိုင်စေနိုင်မည့် Aquamorphic Design အသစ်

သဘာဝအတိုင်း ရေများ စီးဆင်းလှုပ်ရှားပုံကို အတုယူကာ OPPO မှ ColorOS 13 တွင် ချောမွေ့စွာ စီးဆင်းနိုင်သော ပုံစံ၊ အသက်ဝင်စိတ်လှုပ်ရှားဖွယ်ရာကောင်းပြီး ပြည့်စုံကောင်းမွန်သော UI ဖြစ်သည့် Aquamorphic ဒီဇိုင်းကို မိတ်ဆက်ခဲ့သည်။ ColorOS 13 တွင် ပင်လယ်ရေမျက်နှာပြင်၌ နေထွက်ချိန်နှင့် နေဝင်ချိန်ကြားရှိ အလင်းအရောင် ပြောင်းလဲမှုကို အခြေခံထားသည့် Theme Palette အသစ်တစ်ခုပါရှိပြီး စနစ်အသစ်၏ စာသားဖောင့်သည်လည်း မည်သည့်ဘာသာစကားဖြင့်မဆို ပိုမိုလွယ်ကူစွာဖတ်နိုင်ရန် ကောင်းမွန်အောင် ပြုလုပ်ထားသည်။ Card-styled Layout ကဲ့သို့ အခြားသော အဆင့်မြှင့်တင်မှုများနှင့်အတူ ColorOS 13 သည် Aquamorphic Design ကို အခြေခံ၍ တိကျပြီး သက်သောင့်သက်သာဖြင့် အဆင်ပြေစေမည့် မြင်ကွင်းအတွေ့အကြုံကို ပေးစွမ်းနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားသည်။

ColorOS 13 တွင် အလိုလို ပိုမိုသိမြင်နိုင်သည့် User အတွေ့ကြုံများကို ရရှိစေရန် System Animations များတွင် မတူညီသော Aquamorphic Effects များ၊ UI နှင့် Quantum Animation Engine ကဲ့သို့ User များ၏ ထိန်းချုပ် ရည်ရွယ် လုပ်ဆောင်ချက်များကို ကြိုတင်ခန့်မှန်းပေးနိုင်သည့် အပြုမူဆိုင်ရာ ခန့်မှန်းချက်အသစ် ပါ၀င်သည်။ ၎င်းကို OPPO ၏ လူသား ဗဟိုပြု ဒီဇိုင်းဘာသာစကားများဖြစ်သည့် Empty State Illustrations၊ မတူညီသော မျက်နှာပြင်အရွယ်အစားအတွက် လိုက်လျောညီထွေမှုရှိသော layout များ၊ ဖတ်ရှုမြင်တွေ့နိုင်စွမ်းကို တိုးမြှင့်ပေးရန် သိသာထင်ရှားသော Icon များနှင့် အလုံးစုံ အသုံးပြုမှု အဆင်ပြေချောမွေ့စေခြင်း စသည်တို့ဖြင့် ပေါင်းစပ် ထည့်သွင်းဖြည့်စွက်ထားသည်။ ထို့အပြင် “Homeland” ဟု အမည်ပေးထားသည့် Always-On Display ပုံရိပ်အသစ်များကို ထည့်သွင်းထားပြီး သဘာဝ တောရိုင်း တိရိစ္ဆာန်များ၏ ခမ်းနားကြီးကျယ်သော မြင်ကွင်းပုံရိပ်များကို သရုပ်ဖော်ထားသည်။ Always-On Display Animation ပုံရိပ်များသည် နေ့စဉ် အပူချိန်ပြောင်းလဲမှုအပေါ် အခြေခံ၍ ရာသီဥတုနှင့်အတူ ရှင်သန်ကျက်စားရာ နယ်မြေအလိုက် တည်ရှိနေသည့် တိရစ္ဆာန်တို့၏ ပုံရိပ်များဖြင့် ဖော်ပြသွားမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုနှင့် ကျွန်ုပ်တို့ အတူတကွ ယှဥ်တွဲနေထိုင်ရာ ကမ္ဘာမြေကြီးအပေါ် အာရုံစိုက် အလေးပေးလာစေရန် အသိပညာပေးသွားမည်ဖြစ်သည်။ ဆိုလိုသည်မှာ အပူချိန် ဖော်ပြသည့်အခါ အပူချိန်နည်းရင် အေးသည့် ရာသီဥတုတွင် နေထိုင်သော တိရိစ္ဆာန်များဖြင့် ဖော်ပြသွားမည်ပြီး အပူချိန်များရင် ပူသည့် ရာသီဥတုတွင် နေထိုင်သော တိရိစ္ဆာန်များဖြင့် ဖော်ပြသွားမည်ဖြစ်သည်။

ကိုယ်ပိုင်နည်းပညာဖြင့် ဖန်တီး မြှင့်တင်ထားသည့် အခြေခံစွမ်းဆောင်ရည်

ColorOS 13 သည် Dynamic Computing Engine ၏ ပွဲဦးထွက် အမှတ်အသားဖြစ်ပြီး ၎င်းသည် ဘက်ထရီသက်တမ်းကို တိုးမြှင့်ရန် စွမ်းဆောင်ရည်မြင့်မားခြင်းနှင့် ပါဝါသုံးစွဲမှုနည်းခြင်းတို့ကို ပိုမိုမျှတစေခြင်းဖြင့် Hardware အရင်းအမြစ်များ သုံးစွဲမှု အချိန်အပိုင်းအခြားကို ပိုမိုကောင်းမွန်တိုးတက်စေသည်။ ၎င်းသည် App တစ်ခုအတွင်း အသုံးပြုထားသည့် လက်ရှိအနေအထားကို မဆုံးရှုံးစေဘဲ သို့မဟုတ် App များ ပြောင်းကာ အသုံးပြုနေစဉ်အတွင်း နှေးကွေးမှုကို မခံစားရစေဘဲ နောက်ခံ၌ App များစွာကြားတွင် App တစ်ခုမှ တစ်ခုကို ချောမွေ့စွာ ပြောင်းနိုင်စေသည့် အပြင် နောက်ကွယ်တွင် App များ အသုံးပြုမှု ဆက်လက် ကောင်းမွန်စေရန်လည်း ကူညီပေးသည်။

စမတ်ကျသည့် လုပ်ဆောင်ချက်အသစ်များဖြင့် ပိုမိုတိုးတက်ကောင်းမွန်သော လုပ်ငန်းခွင်နှင့် လူနေမှုဘဝ တွေ့ကြုံ ခံစားမှု

ColorOS 13 သည် လူနေမှုဘဝနှင့် လုပ်ငန်းခွင်၏ အခန်းကဏ္ဍတိုင်းအတွက် လိုအပ်သော စမတ်ကျသည့် လုပ်ဆောင်ချက်များ ဖြည့်ဆည်းပေးသည်။ မိမိ၏ ကိုယ်ရည်ကိုယ်သွေးပုံစံကို ဖော်ပြရန်အတွက် ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သည့်အပြင် ColorOS 13 တွင် ပါဝင်ထည့်သွင်းထားသည့် Smart Always-On Display သည် ယခုအခါ ဂီတ၊ အစားအသောက် ဝန်ဆောင်မှု App များနှင့် ပတ်သက်သည့် အချက်အလက်များကို ပြသနိုင်ပြီဖြစ်ပြီး အသုံးပြုသူများအနေဖြင့် အချက်အလက်များ ပိုမိုမြန်ဆန်စွာ ဝင်ရောက်ရွေးချယ် ထိတွေ့နိုင်စေသည့်အပြင် သီချင်း ဖွင့်ခြင်းနှင့် အခြားလုပ်ဆောင်ချက်များကို ပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်စေမည်လည်း ဖြစ်သည်။ OPPO သည် Smart Always-On Display မှ တစ်ဆင့် လွယ်ကူချောမွေ့ပြီး သုံးစွဲသူ စိတ်ကြိုက်ရွေးချယ်ထားသော အတွေ့အကြုံများစွာကို ပေးစွမ်းရန် Bitmoji နှင့် Spotify အပါအဝင် ကမ္ဘာ့ထိပ်တန်းဆော့ဖ်ဝဲနှင့် Service provider များနှင့် ပူးပေါင်း ထားပြီးဖြစ်သည်။

OPPO ၏ ထိပ်တန်း နည်းပညာတစ်ခုဖြစ်သည့် LTPO2.0 ထည့်သွင်းထားသဖြင့် အချို့သော အခြေအနေများအတွက် 30% ပါဝါသုံးစွဲမှုကို သက်သာစေရန် Always-On Display Refresh Rate ကို 1 hertz သာ လျှော့ချထားသည်။ အခြားသော Home Screen Management လုပ်ဆောင်ချက်များဖြစ်သည့် Large Folders, Shelf နှင့် Home Screen Widget များမှ တစ်ဆင့် အသုံးပြုသူများအတွက် အကောင်းဆုံးနည်းလမ်းဖြင့် ၎င်းတို့ လိုအပ်သော အချက်အလက်များကို လွယ်ကူလျင်မြန်စွာ ဝင်ရောက်ကြည့်ရှုနိုင်ရန် ကူညီပေးသည်။

Covid-19 ကပ်ရောဂါအပြီးတွင် အွန်လိုင်းအစည်းအဝေးများ ပိုမိုများပြားလာရာ OPPO မှ အွန်လိုင်း အစည်းအဝေးများအတွက် အထူးထုတ်လုပ်ထားသည့် စမတ်ဖုန်းနယ်ပယ်အတွင်း ပထမဆုံး Meeting Assistant ကို တီထွင်ခဲ့သည်။ Meeting Assistant သည် အွန်လိုင်းအစည်းအဝေးများအတွင်း ပိုမိုတည်ငြိမ်သော အင်တာနက်လိုင်းများ ရရှိစေရန် Wireless ဒေတာပက်ကေ့ဂျ်များကို အလိုအလျောက် ဦးစားပေး ရွေးချယ်လုပ်ဆောင် နိုင်သေးသည်။ ၎င်းသည် သုံးစွဲသူများကို အစည်းအဝေးဆိုင်ရာ မှတ်စုတိုများ ရေးမှတ်နိုင်ရန် သေးငယ်သော Pop-up Window ဖြင့် OPPO Notes4 ကို ဖွင့်နိုင်ရန် ကူညီပေးသည့်အပြင် Banner Notification များကို ရိုးရှင်းစွာ ပေါ်လာစေခြင်းဖြင့် အနှောင့်အယှက်များကို လျှော့ချပေးသည်။

ColorOS 13 တွင် ပါဝင်လာမည့် အကြီးမားဆုံး နောက်ဆုံးပေါ် လုပ်ဆောင်ချက်များထဲမှ တစ်ခုသည် ပိုမိုကောင်းမွန်လာသော Device များစွာ ချိတ်ဆက် သုံးစွဲမှုဆိုင်ရာ အတွေ့အကြုံပင်ဖြစ်သည်။ ယခုအခါ Multi-screen Connect သည် စမတ်ဖုန်းနှင့် OPPO Pad Air အကြား၊ စမတ်ဖုန်းနှင့် PC အကြား ချောမွေ့စွာချိတ်ဆက်မှုကို ပံ့ပိုးပေးထားပြီး Hardware ကန့်သတ်ချက် မရှိဘဲ ပိုမိုစုံလင်သော ဖိုင်အမျိုးအစားများ ပေးပို့ရာတွင် ပံ့ပိုးပေးသည့် File Transfer မှ တစ်ဆင့် လုပ်ဆောင်နိုင်စွမ်းနှင့် အဆင်ပြေ‌ချောမွေ့မှုတို့ကို ထပ်မံမြှင့်တင်ပေးလျက်ရှိသည်။ Multi-screen Connect မှ တစ်ဆင့် မိမိ၏ စမတ်ဖုန်းကို PC နှင့် ချိတ်ဆက်အသုံးပြုသူများသည် PC ဖန်သားပြင်ပေါ်တွင်လည်း Mobile App များစွာကို တစ်ပြိုင်နက် ပြသနိုင်မည့် အကျိုးကျေးဇူး ရရှိမည်ဖြစ်သည်။

ကိုယ်ရေးကိုယ်တာ အချက်အလက် ထိန်းသိမ်းမှု နှင့် သုံးစွဲသူ လုံခြုံရေးကို ဦးစားပေးခြင်း

ကိုယ်ရေးကိုယ်တာ အချက်အလက် ထိန်းသိမ်းခြင်းနှင့် အသုံးပြုသူ၏ လုံခြုံရေးသည် ColorOS ၏ မူလ ပထမ ဦးစားပေး အရာဖြစ်သည်။ ColorOS 13 တွင် Android 13 ၏ သုံးစွဲသူ အခြေခံ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ထည့်သွင်းပေါင်းစပ်ထားသည်။ ဥပမာအားဖြင့် ယခုစနစ်သည် Malware ကြောင့် ဖြစ်ပေါ်တတ်သည့် ထိန်းသိမ်းရမည့် အချက်အလက်များ ပေါက်ကြားမှုကို ကာကွယ်ပေးပြီး အချိန်တိုအတွင်း Clipboard သုံးစွဲမှု မှတ်တမ်းကို အလိုအလျောက် ပယ်ဖျက်ပေးမည်ဖြစ်သည်။ ထို့အပြင် Wi-Fi Feature လုပ်ဆောင်ချက်ဖြင့် အသုံးပြုသူများသည် မိမိ၏ တည်နေရာအချက်အလက်ကို အတိအကျ ဖော်ပြခြင်း မရှိဘဲ Wi-Fi ကို ချိတ်ဆက် အသုံးပြုနိုင်သည်။

OPPO မှ ကိုယ်တိုင်ဖန်တီးထားသော နည်းပညာသည် ကိုယ်ရေးကိုယ်တာ အချက်အလက် ထိန်းသိမ်းမှုနှင့် လုံခြုံရေးကို တိုးမြှင့်ရာ၌ အရေးကြီးသော အခန်းကဏ္ဍတွင် တူညီစွာ ပါဝင်သည်။ စမတ်ဖုန်းတွင် ပါရှိသည့် Algorithm မော်ဒယ်ကို အခြေခံ၍ Auto Pixelate သည် တစ်ချက်နှိပ်ရုံဖြင့် Chat Screenshot ပုံများတွင် ပရိုဖိုင်ဓာတ်ပုံများနှင့် နာမည်များကို ကြည့်ရှု၍ မရအောင် အလိုအလျောက် မှုန်ဝါးသွားစေနိုင်ပြီး လုံခြုံရေး အဆင့်ပိုမိုမြင့်မားစေရန် တွင်ကျယ်စွာ အသုံးပြု နေကြသည့် Advanced Encryption Standard (AES) ဖြင့် Private Safe အသစ်ကို ကုဒ်ဝှက်ကာ ထိန်းသိမ်းပေး ထားသည်။ ColorOS 13 သည် ePrivacy၊ TRUSTe၊ ISO27701 နှင့် ISO27001 ကဲ့သို့သော တရားဝင်ခွင့်ပြုချက်ရ လုံခြုံရေးနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ စိစစ်ခြင်းဆိုင်ရာ စံနှုန်းများအပေါ် အခြေခံ၍ အသုံးပြုသူများ ယုံကြည် စိတ်ချနိုင်မည့် ကိုယ်ရေးကိုယ်တာ အချက်အလက် ထိန်းသိမ်းမှုနှင့် လုံခြုံရေးဆိုင်ရာ အကာအကွယ်များ ပေးလျက်ရှိသည်။

Google နှင့် နည်းပညာဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကာ Android အတွေ့အကြုံအသစ်များကို စူးစမ်း ရှာဖွေခြင်း

OPPO သည် ColorOS 13 ကို တီထွင်ဖန်တီးနေခဲ့စဉ်အတွင်းတွင် Android OS ဆိုင်ရာ အတွေ့အကြုံနှင့် ပတ်သက်သည့် အဆင့်မြင့် လုပ်ဆောင်ချက်အသစ်များ ယူဆောင်လာနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် Google နှင့် အနီးကပ် ပူးပေါင်း လက်တွဲဆောင်ရွက်ခဲ့သည်။ OPPO ၏ Flagship စမတ်ဖုန်းများ ဖြစ်ကြသည့် Find N Foldable စမတ်ဖုန်းနှင့် Find X5 Pro စမတ်ဖုန်းများသည် ကမ္ဘာတစ်ဝန်းတွင် Android 13 Beta Update ကို အသုံးပြုနိုင်သည့် ပထမဆုံးစမတ်ဖုန်းများထဲမှ နှစ်ခုအဖြစ် အသိအမှတ်ပြု ကြေညာခြင်း ခံခဲ့ရသည်။ OPPO မှ Android 13 Beta ကို အခြေခံသည့် ColorOS Developer Version များစွာလည်း မိတ်ဆက်ခဲ့ပြီးဖြစ်ပြီး ပြည့်စုံကောင်းမွန်သော Android ဂေဟစနစ်ကို တည်ဆောက်ရန်အတွက် Google နှင့် ဆက်လက် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်သည်။

ColorOS 13 ဖြန့်ချိခြင်း အစီအစဉ်နှင့် အဆင့်မြှင့်ခြင်းဆိုင်ရာ မူဝါဒ

ကမ္ဘာတစ်ဝန်း၌ ColorOS 13 ကို ဖြန့်ချိရန်အတွက် OPPO သည် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်နှင့် အသုံးပြုသူပေါင်း သန်း ၁၆၀ ကျော်ကို အသုံးပြုန်င်စေရန် ယခုနှစ်အတွင်း စမတ်ဖုန်း မော်ဒယ် ၃၅ မျိုး နီးပါးတွင် ထည့်သွင်း အဆင့်မြှင့်တင်ရန် စီစဉ်ထားသည်။ ထိုအစီအစဥ်သည် ColorOS သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး အဆင့်မြှင့်တင်ခြင်း အစီအစဉ်တစ်ခုဖြစ်သည်။ ဤအစီအစဥ်ကို ColorOS 13 ၏ တရားဝင် ထွက်ရှိမှုနှင့်အတူ Find X5 Pro နှင့် Find X5 တို့တွင် စတင်ထည့်သွင်းကာ ဖြန့်ချိသွားမည်ဖြစ်သည်။ OPPO သည် 2023 မှစတင်ကာ ColorOS 13 ကို နောက်ထပ် Device အမျိုးအစားပေါင်း ၂၀ ကျော်တွင် ဆက်လက် ထည့်သွင်းနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

Press Release – OPPO