OPPO က ဒီလ ၂၅ ရက်နေ့ အိန္ဒိယမှာ TWS နားကြပ်အသစ် ၁ ခုကို ကြေညာတော့မှာပါ။ OPPO Enco W11 ကို ချပြမယ်လို့ ထင်ပြီး မကြာခင်က ရောင်းထားတဲ့ Enco W31 ထက်  ဈေးသက်သာနိုင်ပါတယ်။ Flipkart က Enco W11 အတွက် Teaser Page ကို လွှင့်တင်ထားပြီး ၄.၄ ဂရမ်ပဲရှိတဲ့အတွက် Enco TWS ထက် ပိုပေါ့ပါးပါတယ်။ OPPO က ဆီလီကွန် ထိပ်ဖူးဟာ တပ်ဆင်ထားရင်နားထဲမှာ သက်တောင့်သက်သာရှိမယ်လို့ ပြောပါတယ်။

၁၀ မီတာအတွင်းမှာ ဖုန်းနဲ့ အလိုလို ချိတ်ဆက်ပေးနိုင်ပြီး Google Fast Pairing ပါမလားဆိုတာ မသိရသေးပါဘူး။ Enco W31 မှာလို Touch Controls တွေ ထောက်ပံ့ထားမှာ ဖြစ်ပြီး ၁ ချက်နှိပ်ရင် သီချင်းတွေကို Play/Pause နဲ့ ၂ ချက် နှိပ်ရင် Incoming Call ကို Answer/ Reject လုပ်နိုင်ပါတယ်။ ၃ ချက်နှိပ်ရင် Voice Assistant ကို ဆင့်ခေါ်နိုင်မှာပါ။ တခြား နားကြပ်တွေမှာ မပါတဲ့ ဖိထားရင် အသံ အတိုး၊ အလျှော့လုပ်နိုင်တာက မိုက်ပါတယ်။ Noise Cancellation ပါမယ်လို့ Teaser Page မှာ ဖော်ပြထားပါတယ်။

8mm Dynamic Driver ပါတဲ့အတွက် အသံအရည်အသွေး လန်းမှာဖြစ်ပြီး OPPO က Bass Output ပိုကောင်းပြီး AAC Audio Codec Format ကို ထောက်ပံ့တယ်လို့ ပြောပါတယ်။ နားကြပ်နဲ့ Case ရဲ့ စုစုပေါင်း ဘက်ထရီ သက်တမ်းက နာရီ ၂၀ တောင်ရှိတဲ့အတွက် အရမ်း မိုက်ပြီး  နားကြပ်က ဘက်ထရီနဲ့ပဲဆိုရင် ၅ နာရီကြာ သီချင်း နားထောင်နိုင်ပါတယ်။

Low Latency Mode ထောက်ပံ့တဲ့ Bluetooth 5.0 နဲ့ IP55 Rating ပါမှာဖြစ်ပြီး ရောင်းချမယ့် ဈေးကို မသိရသေးပါဘူး။ ၂,၉၉၉ ရူပီးလောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၅ သောင်းလောက်ပဲရှိမှာပါ။

Ref : gizchina