[Zawgyi]

OPPO ဟာ သူတို႔ရဲ႕ F Series ထုတ္ကုန္ေတြျဖစ္တဲ့ F11 နဲ႔ F11 Pro တို႔ကို အိႏၵိယေဈးကြက္မွာ စတင္ေတာ့မယ္လို႔ တရားဝင္ ထုတ္ျပန္ေၾကညာလိုက္ပါၿပီ။ ဒီဖုန္းေတြနဲ႔ပတ္သက္ၿပီး ရက္အေတာ္ၾကာ သတင္းအစအနေလးေတြ ထုတ္ေပးခဲ့ၿပီးတဲ့ေနာက္ ပိုၿပီးျပည့္စုံတဲ့ အခ်က္အလက္ေတြကို သိလိုက္ရၿပီျဖစ္ပါတယ္။

OPPO ရဲ႕ F11 ကေတာ့ Waterdrop Notch နဲ႔ျဖစ္ၿပီး F11 Pro ကေတာ့ Pop-up ကင္မရာနဲ႔ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ F11 နဲ႔ F11 Pro ႏွစ္မ်ိဳးလုံးဟာ 6.53-inch Full HD (1080 x 2340p) display အမ်ိဳးအစားနဲ႔ျဖစ္ပါတယ္။ မ်က္ႏွာျပင္အမ်ိဳးအစားကေတာ့ IPS LCD ေတြပါ။ Pop-up ကင္မရာနဲ႔ျဖစ္တာေၾကာင့္ ရွင္းလင္းျပည့္စုံတဲ့ မ်က္ႏွာျပင္အျဖစ္ ျမင္ေတြ႕ရမွာပါ။

F11 နဲ႔ F11 Pro ႏွစ္မ်ိဳးလုံးရဲ႕ Selfie ကင္မရာေတြဟာ 16MP, f/2.0 အသီးသီးရွိၾကပါတယ္။ F11 Pro ရဲ႕ Pop-up ကင္မရာဟာ ဖုန္းရဲ႕အေပၚပိုင္းအလယ္တည့္တည့္ကေန ထြက္ေပၚလာမွာျဖစ္ၿပီး ေက်ာဘက္ကင္မရာေတြကလည္း အေရွ႕ကင္မရာထြက္ေပၚရာ လမ္းေၾကာင္းနဲ႔တည့္တည့္မွာ ထည့္သြင္းထားတာပါ။ ႏွစ္မ်ိဳးစလုံးဟာ 48MP + 5MP ကင္မရာႏွစ္လုံးကို ကိုယ္စီတပ္ဆင္ထားၾကပါတယ္။

F11 နဲ႔ F11 Pro ႏွစ္မ်ိဳးလုံးမွာ MediaTek Heilo P70 processor ကို အသုံးျပဳထားပါတယ္။ Memory ကေတာ့ 4GB နဲ႔ 6GB of RAM ဆိုၿပီး ႏွစ္မ်ိဳး ေ႐ြးလို႔ရမွာပါ။ Storage အေနနဲ႔လည္း 64GB နဲ႔ 128GB ေတြကို ေ႐ြးခ်ယ္ႏိုင္ပါေသးတယ္။ ဒါေပမယ့္ MicroSD နဲ႔ သိုေလွာင္မႈပမာဏကို ထပ္မံတိုးခ်ဲ႕လို႔မရတာကိုေတာ့ ေတြ႕ရပါတယ္။

UD Fingerprint ကိုေတာ့ ႏွစ္မ်ိဳးစလုံးမွာ တပ္ဆင္ထားျခင္းမရွိေသးဘဲ ေက်ာဘက္ကိုယ္ထည္ေပၚမွာ သမား႐ိုးက် Fingerprint ေတြကိုယ္စီ တပ္ဆင္ထားၾကပါတယ္။ 4,000mAh ဘက္ထရီကို ကိုယ္စီတပ္ဆင္ထားၾကၿပီး VOOC 3.0 Fast Charging စနစ္ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။

OPPO F11 ဟာ (4GB + 128GB) အတြက္ INR 19,990 (ျမန္မာေငြ ၄သိန္း ၃ေသာင္းဝန္းက်င္) က်သင့္မယ္လို႔သိရၿပီး OPPO F11 Pro (6GB + 64GB) ကေတာ့ INR 24,990 (ျမန္မာေငြ ၅သိန္း ၄ေသာင္းဝန္းက်င္) က်သင့္မယ္လို႔သိရပါတယ္။

Ref: GSMArena

[Unicode]

Notch ပါတဲ့ OPPO F11 နဲ့ Pop-up ကင်မရာသုံးထားတဲ့ F11 Pro တို့ကို တရားဝင်ကြေညာလိုက်ပြီ

OPPO ဟာ သူတို့ရဲ့ F Series ထုတ်ကုန်တွေဖြစ်တဲ့ F11 နဲ့ F11 Pro တို့ကို အိန္ဒိယဈေးကွက်မှာ စတင်တော့မယ်လို့ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ဒီဖုန်းတွေနဲ့ပတ်သက်ပြီး ရက်အတော်ကြာ သတင်းအစအနလေးတွေ ထုတ်ပေးခဲ့ပြီးတဲ့နောက် ပိုပြီးပြည့်စုံတဲ့ အချက်အလက်တွေကို သိလိုက်ရပြီဖြစ်ပါတယ်။

OPPO ရဲ့ F11 ကတော့ Waterdrop Notch နဲ့ဖြစ်ပြီး F11 Pro ကတော့ Pop-up ကင်မရာနဲ့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ F11 နဲ့ F11 Pro နှစ်မျိုးလုံးဟာ 6.53-inch Full HD (1080 x 2340p) display အမျိုးအစားနဲ့ဖြစ်ပါတယ်။ မျက်နှာပြင်အမျိုးအစားကတော့ IPS LCD တွေပါ။ Pop-up ကင်မရာနဲ့ဖြစ်တာကြောင့် ရှင်းလင်းပြည့်စုံတဲ့ မျက်နှာပြင်အဖြစ် မြင်တွေ့ရမှာပါ။

F11 နဲ့ F11 Pro နှစ်မျိုးလုံးရဲ့ Selfie ကင်မရာတွေဟာ 16MP, f/2.0 အသီးသီးရှိကြပါတယ်။ F11 Pro ရဲ့ Pop-up ကင်မရာဟာ ဖုန်းရဲ့အပေါ်ပိုင်းအလယ်တည့်တည့်ကနေ ထွက်ပေါ်လာမှာဖြစ်ပြီး ကျောဘက်ကင်မရာတွေကလည်း အရှေ့ကင်မရာထွက်ပေါ်ရာ လမ်းကြောင်းနဲ့တည့်တည့်မှာ ထည့်သွင်းထားတာပါ။ နှစ်မျိုးစလုံးဟာ 48MP + 5MP ကင်မရာနှစ်လုံးကို ကိုယ်စီတပ်ဆင်ထားကြပါတယ်။

F11 နဲ့ F11 Pro နှစ်မျိုးလုံးမှာ MediaTek Heilo P70 processor ကို အသုံးပြုထားပါတယ်။ Memory ကတော့ 4GB နဲ့ 6GB of RAM ဆိုပြီး နှစ်မျိုး ရွေးလို့ရမှာပါ။ Storage အနေနဲ့လည်း 64GB နဲ့ 128GB တွေကို ရွေးချယ်နိုင်ပါသေးတယ်။ ဒါပေမယ့် MicroSD နဲ့ သိုလှောင်မှုပမာဏကို ထပ်မံတိုးချဲ့လို့မရတာကိုတော့ တွေ့ရပါတယ်။

UD Fingerprint ကိုတော့ နှစ်မျိုးစလုံးမှာ တပ်ဆင်ထားခြင်းမရှိသေးဘဲ ကျောဘက်ကိုယ်ထည်ပေါ်မှာ သမားရိုးကျ Fingerprint တွေကိုယ်စီ တပ်ဆင်ထားကြပါတယ်။ 4,000mAh ဘက်ထရီကို ကိုယ်စီတပ်ဆင်ထားကြပြီး VOOC 3.0 Fast Charging စနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

OPPO F11 ဟာ (4GB + 128GB) အတွက် INR 19,990 (မြန်မာငွေ ၄သိန်း ၃သောင်းဝန်းကျင်) ကျသင့်မယ်လို့သိရပြီး OPPO F11 Pro (6GB + 64GB) ကတော့ INR 24,990 (မြန်မာငွေ ၅သိန်း ၄သောင်းဝန်းကျင်) ကျသင့်မယ်လို့သိရပါတယ်။
Ref: GSMArena