[Zawgyi]





[Unicode]

OPPO F Series မျိုးဆက်သစ် F11 စမတ်ဖုန်းကို ပြည်တွင်းမှာ မိတ်ဆက်

OPPO Myanmar က ပြည်တွင်းရှိ စမတ်ဖုန်းအသုံးပြုသူများအတွက် ဖက်ရှင်ဒီဇိုင်းဆန်းနဲ့ နည်းပညာအဆင့်မြင့်စမတ်ဖုန်းများကို အစဉ်မိတ်ဆက်ပေးလျက်ရှိရာ OPPO F11 Pro ရဲ့ အဓိကဖုန်းအစိတ်အပိုင်းအားလုံး အပြည့်အစုံပါရှိတဲ့ F11 Pro Avengers Limited Edition စမတ်ဖုန်းနဲ့ OPPO F Series ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ F11 စမတ်ဖုန်းကို ဧပြီလ (၂၆) ရက်နေ့မှာ ရန်ကုန်မြို့ စံရိပ်ငြိမ်ဂမုန်းပွင့်ရှိ မင်္ဂလာရုပ်ရှင်ရုံမှာ မိတ်ဆက်ခဲ့ပါတယ်။

အလင်းမှိန်မှိန် ပုံရိပ်ထင်ထင်နဲ့ တီထွင်ဆန်းသစ်တဲ့ နည်းပညာများဖြင့် ဖန်တီးထားတဲ့ OPPO F11 စမတ်ဖုန်းဟာ ရေစက်ပုံစံမျက်နှာပြင်၊ ၆.၅ လက်မရှိတဲ့ မျက်နှာပြင်အရွယ်အစား၊ ၉၀.၇၀% ရှိတဲ့မျက်နှာပြင်အချိုး၊ ညအချိန်တွင်ပင် ပိုမိုကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံရုပ်ထွက်များရရှိစေမယ့် 48MP+5MP ကျောဘက်ကင်မရာနှစ်လုံး၊ ပိုမိုလှပတဲ့ Selfie ပုံများကို ရရှိစေမယ့် 16MP AI Beauty ရှေ့ဘက်ကင်မရာ၊ ပုံမှန်အားသွင်းစနစ်များထက် တစ်နာရီပိုမြန်တဲ့ VOOC 3.0 အမြန်အားသွင်းစနစ်၊ တစ်နေကုန်အသုံးပြုနိုင်ပြီး တာရှည်ခံတဲ့ 4,020mAh ဘက်ထရီပမာဏ၊ ဖုန်းစွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်စေပြီး တုံ့ပြန်အား ပိုကောင်းစေတဲ့ Hyper Boost စနစ်၊ 4GB RAM+ 128GB ROM သိုလှောင်မှုပမာဏ၊ Android 9.0 ကို အခြေခံထားတဲ့ ColorOS 6 နဲ့ ထွက်ရှိမှာ ဖြစ်ပါတယ်။ F11 စမတ်ဖုန်းကို ဆန်းသစ်လှပတဲ့ Fluorite Purple အရောင်နဲ့ Marble Green အရောင်ဆိုပြီး အရောင်ပြေးကာလာနှစ်မျိုးနဲ့ ရရှိမယ်လို့ သိရပါတယ်။

ရေစက်ပုံစံမျက်နှာပြင်၊ အချိုးကျလှပတဲ့ အရောင်ပြေးကာလာ ဒီဇိုင်းတွေနဲ့ ဖန်တီးထားတဲ့ OPPO F11 စမတ်ဖုန်းကို မြန်မာကျပ်ငွေ (၃၇၉,၉၀၀) ကျပ်နဲ့ ဧပြီလ (၂၇) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ ကြိုတင်မှာယူနိုင်ပြီး မေလ (၁) ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးမှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။ OPPO F11 စမတ်ဖုန်းသစ် မိတ်ဆက်ပွဲကို OPPO Myanmar မှ တာဝန်ရှိလူကြီးမင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စီးပွားရေး မိတ်ဖက်ကုမ္ပဏီများ၊ သတင်းမီဒီယာများ၊ OPPO စမတ်ဖုန်းသုံးစွဲသူ Ofan များနဲ့ OPPO Brand Ambassador များဖြစ်တဲ့ ဝတ်မှုန်ရွှေရည်၊ ပိုင်ဖြိုးသုနဲ့ ပိုင်တံခွန်တို့ တက်ရောက်ခဲ့ပါတယ်။

OPPO F11 စမတ်ဖုန်းကို ဧပြီလ (၂၇) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ မြန်မာကျပ်ငွေ (၃၀,၀၀၀) ကျပ် ပေးသွင်းကာ ကြိုတင်မှာယူနိုင်ပြီး ခရီးဆောင်အသီးဖျော်စက်များကို လက်ဆောင်အဖြစ် ရယူနိုင်ပါတယ်။ ဒါ့အပြင် OPPO Myanmar က F11 စမတ်ဖုန်းများဝယ်ယူသူများကို ကျေးဇူးတုံ့ပြန်သည့်အနေနဲ့ သုံးလအခမဲ့ ခံစားခွင့်ရှိသော Telenor Star အစီအစဉ်ကို လက်ဆောင်ထည့်သွင်းပေးထားပါတယ်။ OPPO Myanmar နဲ့ Telenor Myanmar ရဲ့ ပူးပေါင်းမှုအရ F11 စမတ်ဖုန်းဝယ်ယူသူများအနေနဲ့ မေလ (၁) ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်နေ့အထိ Outlet ၃၀၀ တွင် Discount များရရှိစေမယ့် Telenor Star အစီအစဉ်ကို အလိုအလျောက် ခံစားခွင့် ရရှိစေမယ်လို့ သိရပါတယ်။ ယင်းသုံးလပြီးနောက်မှာလည်း Slot 1 ရှိ Telenor Sim Card ကို လစဉ် (၁၀,၀၀၀) ကျပ် ပုံမှန်ဖုန်းဘေလ်ဖြည့်သွင်းပါက Telenor Star ခံစားခွင့်ကို ဆက်လက်ရရှိနေမယ်လို့ ဆိုပါတယ်။