[Zawgyi]

၂၀၁၉ ထဲမွာေတာ့ Pop-up ဆယ္ဖီကင္မရာေတြဟာ စတင္ၿပီး လူႀကိဳက္မ်ားေက်ာ္ၾကားလာခဲ့ပါၿပီ။ OPPO နဲ႔ Vivo တုိ႔လို အမွတ္တံဆိပ္ေတြက သူတုိ႔ဖုန္းေတြရဲ႕ မ်က္ႏွာျပင္ေတြ အေႏွာင့္အယွက္ကင္းကင္း က်ယ္က်ယ္ဝန္းဝန္းျဖစ္ေအာင္ Notch ေတြထည့္မယ့္အစား ဖြင့္လိုက္သိမ္းလိုက္ လုပ္လို႔ရမယ့္ Pop-up ကင္မရာေတြကို ေရြးခ်ယ္လာခဲ့တယ္။

ဒါေပမယ့္ အခုမွေခတ္စားလာတဲ့ နည္းပညာသစ္ ျဖစ္တာနဲ႔အညီ သုံးစြဲသူေတြက Pop-up ကင္မရာေတြရဲ႕ ခံႏုိင္ရည္ကို သံသယရွိေနတုန္းပါပဲ။ OPPO က သူတုိ႔ရဲ႕ တရားဝင္တြစ္တာအေကာင့္ကေနတဆင့္ သုံးစြဲသူေတြကို စိတ္မပူဖို႔အတြက္ OPPO F11 Pro မွာထည့္သြင္းသုံးစြဲထားတဲ့ ဆယ္ဖီကင္မရာဟာ တစ္ေန႔ကို အႀကိမ္တစ္ရာ ဖြင့္လိုက္သိမ္းလိုက္ လုပ္ရင္ေတာင္မွ ၆ ႏွစ္ထိ အေကာင္းတုိင္းသုံးႏုိင္မယ္လို႔ ဆုိလုိက္ပါတယ္။

ဒါဆုိရင္ေတာ့ ဆယ္ဖီသူရဲေတြလက္ထဲေရာက္သြားရင္ေတာင္ F11 Pro ဖုန္းဟာ ဆယ္ဖီကင္မရာအံဆြဲ ခ်ဳိ႕ယြင္းမႈေၾကာင့္ ပ်က္ရမယ့္အစား သက္တမ္းကုန္လုိ႔သာ ရပ္တန္႔သြားမယ့္ အလားအလာပါပဲ။ Face Unlock အစား ေနာက္ဘက္က Fingerprint ကိုသာ အသုံးျပဳမယ္ဆုိရင္ ဒီထက္ေတာင္ ပိုၿပီးသက္တမ္းရွည္ႏုိင္ပါေသးတယ္။

Ref – GSM Arena

[Unicode]

၂၀၁၉ ထဲမှာတော့ Pop-up ဆယ်ဖီကင်မရာတွေဟာ စတင်ပြီး လူကြိုက်များကျော်ကြားလာခဲ့ပါပြီ။ OPPO နဲ့ Vivo တို့လို အမှတ်တံဆိပ်တွေက သူတို့ဖုန်းတွေရဲ့ မျက်နှာပြင်တွေ အနှောင့်အယှက်ကင်းကင်း ကျယ်ကျယ်ဝန်းဝန်းဖြစ်အောင် Notch တွေထည့်မယ့်အစား ဖွင့်လိုက်သိမ်းလိုက် လုပ်လို့ရမယ့် Pop-up ကင်မရာတွေကို ရွေးချယ်လာခဲ့တယ်။

ဒါပေမယ့် အခုမှခေတ်စားလာတဲ့ နည်းပညာသစ် ဖြစ်တာနဲ့အညီ သုံးစွဲသူတွေက Pop-up ကင်မရာတွေရဲ့ ခံနိုင်ရည်ကို သံသယရှိနေတုန်းပါပဲ။ OPPO က သူတို့ရဲ့ တရားဝင်တွစ်တာအကောင့်ကနေတဆင့် သုံးစွဲသူတွေကို စိတ်မပူဖို့အတွက် OPPO F11 Pro မှာထည့်သွင်းသုံးစွဲထားတဲ့ ဆယ်ဖီကင်မရာဟာ တစ်နေ့ကို အကြိမ်တစ်ရာ ဖွင့်လိုက်သိမ်းလိုက် လုပ်ရင်တောင်မှ ၆ နှစ်ထိ အကောင်းတိုင်းသုံးနိုင်မယ်လို့ ဆိုလိုက်ပါတယ်။

ဒါဆိုရင်တော့ ဆယ်ဖီသူရဲတွေလက်ထဲရောက်သွားရင်တောင် F11 Pro ဖုန်းဟာ ဆယ်ဖီကင်မရာအံဆွဲ ချို့ယွင်းမှုကြောင့် ပျက်ရမယ့်အစား သက်တမ်းကုန်လို့သာ ရပ်တန့်သွားမယ့် အလားအလာပါပဲ။ Face Unlock အစား နောက်ဘက်က Fingerprint ကိုသာ အသုံးပြုမယ်ဆိုရင် ဒီထက်တောင် ပိုပြီးသက်တမ်းရှည်နိုင်ပါသေးတယ်။

Ref – GSM Arena