[Zawgyi]

၂၀၁၉ ႏွစ္ဦးပိုင္းမွာ ပိုၿပီး ေရပန္းစားလာတဲ့ Pop-up Camera Trend ထဲကို OPPO ကလည္း F11 Pro နဲ႔အတူ စီးေမ်ာလိုက္ၿပီလို႔ ဆိုရမွာပါ။ ဒါေၾကာင့္ OPPO F11 Pro မွာ Notch လည္း ေတြ႕ရမွာမဟုတ္သလို၊ Punch-Hole လည္း ေတြ႕ရမွာမဟုတ္ပါဘူး။

OPPO ဟာ Slider လည္းသုံးခဲ့ဖူးသလို၊ Rotation ကင္မရာ လည္းသုံးခဲ့ဖူးပါတယ္။ ဒါေပမယ့္ အခုတစ္ခါမွာေတာ့ Pop-up ကင္မရာနဲ႔ ထုတ္လုပ္ေတာ့မွာ ျဖစ္ပါတယ္။ Pop-up ရဲ႕ အားသာခ်က္ကေတာ့ အမွန္တကယ္ အျပစ္ကင္းတဲ့ မ်က္ႏွာျပင္ ျဖစ္တာပါပဲ။ ဒါေၾကာင့္ တခ်ိဳ႕ဂိမ္းေတြ၊ App ေတြမွာ Notch ေၾကာင့္ အေႏွာင့္အယွက္ျဖစ္တာမ်ိဳး မျဖစ္ႏိုင္ေတာ့ပါဘူး။

ကုမၸဏီရဲ႕ Teaser အရ OPPO F11 Pro ရဲ႕ Screen-to-Body Ratio က 90.9% လို႔ သိရပါတယ္။ ဒါေၾကာင့္ ပိုၿပီးက်ယ္ျပန႔္တဲ့ မ်က္ႏွာျပင္အမ်ိဳးအစားကို ျမင္ေတြ႕ရမွာပါ။ မ်က္ႏွာျပင္တစ္ခုလုံးရဲ႕ အ႐ြယ္အစားကေတာ့ 6.5-inch ျဖစ္ၿပီး 1,080 x 2,340px Resolution ျဖစ္တယ္လို႔လည္း သိရပါတယ္။

Pop-up ကင္မရာမွာ တပ္ဆင္ေပးထားမယ့္ ကင္မရာကေတာ့ 16MP Sensor နဲ႔ ျဖစ္ဖြယ္ရွိပါတယ္။ ေက်ာဘက္မွာေတာ့ 48MP အဓိကကင္မရာနဲ႔အတူ 5MP ဒုတိယကင္မရာကို တြဲဖက္တပ္ဆင္ေပးထားမယ္လို႔လည္း သတင္းထြက္ထားတာပါ။ SoC ကေတာ့ Helio P70 ျဖစ္ၿပီး 6GB RAM နဲ႔ တြဲဖက္ထားမယ္လို႔ သိရပါတယ္။

Android Pie အေျခခံတဲ့ ColorOS 6.0 run ထားမွာျဖစ္ၿပီး Storage ကေတာ့ 64GB နဲ႔ 128GB ႏွစ္မ်ိဳး ေ႐ြးခ်ယ္ႏိုင္မယ္လို႔လည္း သိရပါတယ္။ ဘက္ထရီကေတာ့ ေက်နပ္ဖြယ္ရာ ပမာဏျဖစ္တဲ့ 4,000mAh ျဖစ္သလို VOOC 3.0 Fast Charging စနစ္လည္း ပါဝင္မယ္လို႔ သိရပါတယ္။ ေကာလာဟလေတြကေတာ့ OPPO F11 Pro ကို ဒီရက္ပိုင္းအတြင္းမွာပဲ တရားဝင္ မိတ္ဆက္ေတာ့မယ္လို႔လည္း ဆိုၾကပါတယ္။

Ref: GSMArena

[Unicode]

OPPO F11 Pro ဟာ Pop-up ကင်မရာနဲ့ဖြစ်ပြီး 90.9% Screen-to-body ratio ဖြစ်ကြောင်း သိရ

၂၀၁၉ နှစ်ဦးပိုင်းမှာ ပိုပြီး ရေပန်းစားလာတဲ့ Pop-up camera trend ထဲကို OPPO ကလည်း F11 Pro နဲ့အတူ စီးမျောလိုက်ပြီလို့ ဆိုရမှာပါ။ ဒါကြောင့် OPPO F11 Pro မှာ Notch လည်း တွေ့ရမှာမဟုတ်သလို၊ Punch-hole လည်း တွေ့ရမှာမဟုတ်ပါဘူး။

OPPO ဟာ Slider လည်းသုံးခဲ့ဖူးသလို၊ Rotation ကင်မရာ လည်းသုံးခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတစ်ခါမှာတော့ Pop-up ကင်မရာနဲ့ ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ Pop-up ရဲ့ အားသာချက်ကတော့ အမှန်တကယ် အပြစ်ကင်းတဲ့ မျက်နှာပြင် ဖြစ်တာပါပဲ။ ဒါကြောင့် တချို့ဂိမ်းတွေ၊ App တွေမှာ Notch ကြောင့် အနှောင့်အယှက်ဖြစ်တာမျိုး မဖြစ်နိုင်တော့ပါဘူး။

ကုမ္ပဏီရဲ့ Teaser အရ OPPO F11 Pro ရဲ့ Screen-to-body ratio က 90.9% လို့ သိရပါတယ်။ ဒါကြောင့် ပိုပြီးကျယ်ပြန့်တဲ့ မျက်နှာပြင်အမျိုးအစားကို မြင်တွေ့ရမှာပါ။ မျက်နှာပြင်တစ်ခုလုံးရဲ့ အရွယ်အစားကတော့ 6.5-inch ဖြစ်ပြီး 1,080 x 2,340px resolution ဖြစ်တယ်လို့လည်း သိရပါတယ်။

Pop-up ကင်မရာမှာ တပ်ဆင်ပေးထားမယ့် ကင်မရာကတော့ 16MP sensor နဲ့ ဖြစ်ဖွယ်ရှိပါတယ်။ ကျောဘက်မှာတော့ 48MP အဓိကကင်မရာနဲ့အတူ 5MP ဒုတိယကင်မရာကို တွဲဖက်တပ်ဆင်ပေးထားမယ်လို့လည်း သတင်းထွက်ထားတာပါ။ SoC ကတော့ Helio P70 ဖြစ်ပြီး 6GB RAM နဲ့ တွဲဖက်ထားမယ်လို့ သိရပါတယ်။

Android Pie အခြေခံတဲ့ ColorOS 6.0 run ထားမှာဖြစ်ပြီး Storage ကတော့ 64GB နဲ့ 128GB နှစ်မျိုး ရွေးချယ်နိုင်မယ်လို့လည်း သိရပါတယ်။ ဘက်ထရီကတော့ ကျေနပ်ဖွယ်ရာ ပမာဏဖြစ်တဲ့ 4,000mAh ဖြစ်သလို VOOC 3.0 fast charging စနစ်လည်း ပါဝင်မယ်လို့ သိရပါတယ်။ ကောလာဟလတွေကတော့ OPPO F11 Pro ကို ဒီရက်ပိုင်းအတွင်းမှာပဲ တရားဝင် မိတ်ဆက်တော့မယ်လို့လည်း ဆိုကြပါတယ်။

Ref: GSMArena