Unicode

OPPO ကနေ Android 10 ကို အခြေခံထားတဲ့ ColorOS 7 ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ ဒီ ColorOS 7 ကို OPPO ရဲ့ အောင်မြင်ခဲ့တဲ့ Mid Range ဖုန်းတွေဖြစ်တဲ့ OPPO F11 Series ဖုန်းတွေဆီကို ယူဆောင်လာတော့မှာပါ။

ဘာကြောင့်လဲဆိုရင် OPPO ကနေ OPPO F11 ၊ F11 Pro နဲ့ F11 Avengers Edition စမတ်ဖုန်းတွေအတွက် ColorOS 7 ကို Beta အနေနဲ့ စတင်ထုတ်ပေးနေပြီဖြစ်လို့ပါ။ အခု Beta Testing ပြုလုပ်တဲ့အရေအတွက်ဟာ အကန့်အသတ်ရှိတယ်ဆိုပေမယ့် တကယ်လို့ အစောဆုံးအသုံးပြုချင်တယ်ဆိုရင် အောက်ပါ အဆင့်အတိုင်းပြုလုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။

အရင်ဆုံးအနေနဲ့ ဖုန်းရဲ့ Settings ထဲမှာရှိတဲ့ Software Update ကနေ အပေါ်ဘက်ညာဘက်ထောင့်မှာရှိတဲ့ Trial Version ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ အခုလိုရွေးချယ်ပြီးသွားရင် Beta Program ရဲ့ Terms and Condition တွေကို Accept ပြုလုပ်ပြီး Apply Now ကနေတစ်ဆင့် ရယူနိုင်မှာဖြစ်ပါတယ်။

OPPO ရဲ့ ColorOS 7 အသစ်ဟာ ယခင် ColorOS 6 နဲ့ ယှဥ်ရင် User Interface ပိုင်းတွေ၊ Animation ပိုင်းတွေအပြင် တော်တော်များများကို ပြောင်းလဲထားတဲ့အတွက် အသစ်အနေနဲ့ စမ်းသုံးချင်တယ်ဆိုရင် အခု Beta Program ကို ဝင်ရောက်ပြီး အစောဆုံးသုံးနိုင်ပါတယ်။ ဒါပေမယ့် Beta ဖြစ်နေတဲ့အတွက် Daily အသုံးပြုတဲ့နေရမှာတော့ Bugs တွေအနည်းငယ်ရှိနေနိုင်ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Stable Update ကို စောင့်မယ်ဆိုရင်လည်း OPPO ကနေ မကြာခင်အချိန်အတွင်းမှာ ထုတ်ပေးသွားတော့မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China

Zawgyi

OPPO ကေန Android 10 ကို အေျခခံထားတဲ့ ColorOS 7 ကို ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလတုန္းက မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာ ဒီ ColorOS 7 ကို OPPO ရဲ႕ ေအာင္ျမင္ခဲ့တဲ့ Mid Range ဖုန္းေတြျဖစ္တဲ့ OPPO F11 Series ဖုန္းေတြဆီကို ယူေဆာင္လာေတာ့မွာပါ။

ဘာေၾကာင့္လဲဆိုရင္ OPPO ကေန OPPO F11 ၊ F11 Pro နဲ႔ F11 Avengers Edition စမတ္ဖုန္းေတြအတြက္ ColorOS 7 ကို Beta အေနနဲ႔ စတင္ထုတ္ေပးေနၿပီျဖစ္လို႔ပါ။ အခု Beta Testing ျပဳလုပ္တဲ့အေရအတြက္ဟာ အကန္႔အသတ္ရွိတယ္ဆိုေပမယ့္ တကယ္လို႔ အေစာဆုံးအသုံးျပဳခ်င္တယ္ဆိုရင္ ေအာက္ပါ အဆင့္အတိုင္းျပဳလုပ္ဖို႔လိုအပ္မွာျဖစ္ပါတယ္။

အရင္ဆုံးအေနနဲ႔ ဖုန္းရဲ႕ Settings ထဲမွာရွိတဲ့ Software Update ကေန အေပၚဘက္ညာဘက္ေထာင့္မွာရွိတဲ့ Trial Version ကို ေ႐ြးခ်ယ္ေပးရမွာျဖစ္ပါတယ္။ အခုလိုေ႐ြးခ်ယ္ၿပီးသြားရင္ Beta Program ရဲ႕ Terms and Condition ေတြကို Accept ျပဳလုပ္ၿပီး Apply Now ကေနတစ္ဆင့္ ရယူႏိုင္မွာျဖစ္ပါတယ္။

OPPO ရဲ႕ ColorOS 7 အသစ္ဟာ ယခင္ ColorOS 6 နဲ႔ ယွဥ္ရင္ User Interface ပိုင္းေတြ၊ Animation ပိုင္းေတြအျပင္ ေတာ္ေတာ္မ်ားမ်ားကို ေျပာင္းလဲထားတဲ့အတြက္ အသစ္အေနနဲ႔ စမ္းသုံးခ်င္တယ္ဆိုရင္ အခု Beta Program ကို ဝင္ေရာက္ၿပီး အေစာဆုံးသုံးႏိုင္ပါတယ္။ ဒါေပမယ့္ Beta ျဖစ္ေနတဲ့အတြက္ Daily အသုံးျပဳတဲ့ေနရမွာေတာ့ Bugs ေတြအနည္းငယ္ရွိေနႏိုင္ပါေသးတယ္။

ဘာပဲျဖစ္ျဖစ္ Stable Update ကို ေစာင့္မယ္ဆိုရင္လည္း OPPO ကေန မၾကာခင္အခ်ိန္အတြင္းမွာ ထုတ္ေပးသြားေတာ့မယ္လို႔ ယူဆရပါတယ္။

Ref – Gizmo China