[Zawgyi]

ေမာ္ဒယ္နံပါတ္ CH1969 အမည္ရွိ Oppo စမတ္ဖုန္းတစ္လုံးဟာ မေလးရွားႏိုင္ငံမွာ SIRIM ရဲ႕ ခြင့္ျပဳလက္မွတ္ရရွိသြားၿပီ ျဖစ္ပါတယ္။ အလားတူ ထိုင္းႏိုင္ငံနဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြမွာလည္း ခြင့္ျပဳလက္မွတ္ ရရွိထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါ စမတ္ဖုန္းကို Oppo F11 Pro လို႔ ယူဆရၿပီး အာရွေစ်းကြက္ကို ပစ္မွတ္ထား ေရာင္းခ်လာႏိုင္ပါတယ္။

Oppo F11 Pro ဟာ F9 Pro ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း အမ်ိဴးအစားျဖစ္ၿပီး F11 Pro ကို မိတ္ဆက္တဲ့အခါက်ရင္ F11 ပါ တစ္ခါတည္း မိတ္ဆက္လာႏိုင္ပါတယ္။ လြန္ခဲ့တဲ့ ၂၀၁၈ခုႏွစ္တုန္းကေတာ့ အာရွေစ်းကြက္ ေတာ္ေတာ္မ်ားမ်ားမွာ Oppo F9 အမည္နဲ႔ မိတ္ဆက္ခဲ့တာျဖစ္ၿပီး အိႏၵိယႏိုင္ငံမွာေတာ့ Oppo F9 Pro အမည္နဲ႔ မိတ္ဆက္ခဲ့ပါတယ္။

Oppo ဟာ မၾကာေသးခင္က စမတ္ဖုန္းေတြမွာ တပ္ဆင္အသုံးျပဳႏိုင္မယ့္ 10x Optical Zoom ကင္မရာ နည္းပညာကို သူတို႔ရဲ႕ ကိုယ္ပိုင္ပြဲေတာ္ တစ္ခုမွာ ထုတ္ျပခဲ့ဖူးပါတယ္။ 10x Optical Zoom ကင္မရာ နည္းပညာကို ေဖေဖာ္ဝါရီလ ၂၅ရက္ေန႔မွာ စတင္က်င္းပမယ့္ Mobile World Congress (MWC) 2019 မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး အဆိုပါ ကင္မရာ နည္းပညာ တပ္ဆင္ထားတဲ့ စမတ္ဖုန္းကိုပါ ထုတ္ျပလာႏိုင္ပါတယ္။

MWC 2019 မွာ Oppo က ထုတ္ျပလာႏိုင္တဲ့ 10x Optical Zoom ကင္မရာ အသုံးျပဳ စမတ္ဖုန္းဟာ Oppo F11 Pro ျဖစ္ႏိုင္တယ္လို႔ ထင္ေၾကးေပးေနၾကေပမယ့္ တခ်ိဴ႕ကေတာ့ Oppo R19 Pro သာ ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

 

Ref : Gizmochina

[Unicode]

အသစ်ထွက်ရှိလာမယ့် Oppo F11 Pro မှာ 10x Optical Zoom Camera ပါဝင်လာနိုင်

မော်ဒယ်နံပါတ် CH1969 အမည်ရှိ Oppo စမတ်ဖုန်းတစ်လုံးဟာ မလေးရှားနိုင်ငံမှာ SIRIM ရဲ့ ခွင့်ပြုလက်မှတ်ရရှိသွားပြီ ဖြစ်ပါတယ်။ အလားတူ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း ခွင့်ပြုလက်မှတ် ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စမတ်ဖုန်းကို Oppo F11 Pro လို့ ယူဆရပြီး အာရှစျေးကွက်ကို ပစ်မှတ်ထား ရောင်းချလာနိုင်ပါတယ်။

Oppo F11 Pro ဟာ F9 Pro ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း အမျိူးအစားဖြစ်ပြီး F11 Pro ကို မိတ်ဆက်တဲ့အခါကျရင် F11 ပါ တစ်ခါတည်း မိတ်ဆက်လာနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းကတော့ အာရှစျေးကွက် တော်တော်များများမှာ Oppo F9 အမည်နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာတော့ Oppo F9 Pro အမည်နဲ့ မိတ်ဆက်ခဲ့ပါတယ်။

Oppo ဟာ မကြာသေးခင်က စမတ်ဖုန်းတွေမှာ တပ်ဆင်အသုံးပြုနိုင်မယ့် 10x Optical Zoom ကင်မရာ နည်းပညာကို သူတို့ရဲ့ ကိုယ်ပိုင်ပွဲတော် တစ်ခုမှာ ထုတ်ပြခဲ့ဖူးပါတယ်။ 10x Optical Zoom ကင်မရာ နည်းပညာကို ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ စတင်ကျင်းပမယ့် Mobile World Congress (MWC) 2019 မှာ မိတ်ဆက်သွားမှာဖြစ်ပြီး အဆိုပါ ကင်မရာ နည်းပညာ တပ်ဆင်ထားတဲ့ စမတ်ဖုန်းကိုပါ ထုတ်ပြလာနိုင်ပါတယ်။

MWC 2019 မှာ Oppo က ထုတ်ပြလာနိုင်တဲ့ 10x Optical Zoom ကင်မရာ အသုံးပြု စမတ်ဖုန်းဟာ Oppo F11 Pro ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပေမယ့် တချိူ့ကတော့ Oppo R19 Pro သာ ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gizmochina