Zawgyi

၂၀၁၉ ရဲ႕အာရုံစိုက္အခံရဆုံး မုိဘုိင္းဖုန္းတစ္ခုျဖစ္တဲ့ Oppo F11 Pro ဟာ စထြက္ခါစမွာ ကာလာႏွစ္မ်ဳိးနဲ႔ မိတ္ဆက္ခဲ့ၿပီး ယခုအခါ တတိယေျမာက္အေရာင္လွလွေလးတစ္ခုကို ထပ္ေပါင္းဖို႔ ျပင္ဆင္လာပါတယ္။ ၄င္းကို Waterfall Gray လို႔အမည္လွလွေပးထားေပမယ့္ တကယ္တမ္းဓါတ္ပုံေတြထဲမွာေတာ့ လာဗင္ဒါခရမ္းေရာင္ ထြက္ေနတာကို ျမင္ရပါတယ္။

Waterfall Gray ဖုန္းဟာ လက္ရွိမွာ အေရွ႕ေတာင္အာရွႏုိင္ငံအခ်ဳိ႕မွာ ႀကိဳတင္ေၾကျငာေနၿပီျဖစ္ၿပီး မေလးရွားႏုိင္ငံမွာလည္း တရားဝင္ Oppo ဝက္ဆုိက္သာမက အေရာင္းဆုိင္တစ္ခ်ဳိ႕မွာပါ ရရွိေနပါၿပီ။ ထိုင္းမွာ ၾကိဳတင္အမွာေကာက္ခံေနၿပီး ဖိလစ္ပုိင္မွာေတာ့ Oppo အမွတ္တံဆိပ္ရဲ႕ ငါးႏွစ္ျပည့္အခ်ိန္နဲ႔တုိက္ၿပီး လာမယ္လို႔ ေၾကျငာထားတာ ေတြ႕ရတယ္။

မူရင္းကာလာႏွစ္ခုျဖစ္တဲ့ Thunder Black နဲ႔ Aurora Green တုိ႔ထက္ပိုၿပီးေတာက္ပတဲ့ အေရာင္ျဖစ္တာကိုလည္း ေတြ႕ရမွာပါ။ Oppo ဟာမၾကာေသးခင္ကမွ Avengers: Endgame ရုပ္ရွင္နဲ႔ကို္က္ၿပီး Oppo F11 Pro Avengers Edition ကိုထုတ္ခဲ့ေသးတဲ့အတြက္ ဒါဟာ တတိယအေရာင္ဆုိတာထက္ ေလးခုေျမာက္လို႔ ေျပာရင္ေတာင္ ပိုမွန္မယ္ထင္ပါတယ္။

Oppo F11 Pro ဖုန္းမွာ 6.53” လက္မအရြယ္ LTPS IPS LCD မ်က္ႏွာျပင္အသုံးျပဳထားၿပီး Pop-up Selfie စနစ္ကို အသုံးျပဳထားပါတယ္။ ေနာက္ဘက္မွာ 48MP ကင္မရာနဲ႔ 5MP Depth Sensor တုိ႔ကို တြဲဖက္ထားၿပီး Selfie ကင္မရာက 16MP f/2.0 ျဖစ္ပါတယ္။

အတြင္းမွာ Helio P70 ခ်စ္ပ္ဆက္အသုံးျပဳထားၿပီး မူရင္းဗားရွင္းမွာ 4GB နဲ႔ 6GB RAM မန္မုိရီႏွစ္မ်ဳိး ရွိေပမယ့္ Waterfall Gray ဖုန္းကေတာ့ 6GB RAM ကို 64GB / 128GB Storage ေမာ္ဒယ္ႏွစ္ခုျဖင့္သာ ထြက္ရွိလာမွာျဖစ္ပါတယ္။ ဖိလစ္ပုိင္မွာေၾကျငာထားတဲ့ေစ်းကေတာ့ 64GB ဗားရွင္းကို ဖိလစ္ပိုင္ပီဆုိ ၁၅၉၉၀ (ျမန္မာေငြ ေလးသိန္းခုနစ္ေသာင္းခန္႔) နဲ႔ 128GB ေမာ္ဒယ္က ဖိလစ္ပိုင္ပီဆုိ ၁၈၉၉၀ (ျမန္မာေငြ ငါးသိန္းငါးေသာင္းေက်ာ္) အသီးသီးျဖစ္ပါတယ္။

Ref – GSM Arena

Unicode

၂၀၁၉ ရဲ့အာရုံစိုက်အခံရဆုံး မိုဘိုင်းဖုန်းတစ်ခုဖြစ်တဲ့ Oppo F11 Pro ဟာ စထွက်ခါစမှာ ကာလာနှစ်မျိုးနဲ့ မိတ်ဆက်ခဲ့ပြီး ယခုအခါ တတိယမြောက်အရောင်လှလှလေးတစ်ခုကို ထပ်ပေါင်းဖို့ ပြင်ဆင်လာပါတယ်။ ၎င်းကို Waterfall Gray လို့အမည်လှလှပေးထားပေမယ့် တကယ်တမ်းဓါတ်ပုံတွေထဲမှာတော့ လာဗင်ဒါခရမ်းရောင် ထွက်နေတာကို မြင်ရပါတယ်။

Waterfall Gray ဖုန်းဟာ လက်ရှိမှာ အရှေ့တောင်အာရှနိုင်ငံအချို့မှာ ကြိုတင်ကြေငြာနေပြီဖြစ်ပြီး မလေးရှားနိုင်ငံမှာလည်း တရားဝင် Oppo ဝက်ဆိုက်သာမက အရောင်းဆိုင်တစ်ချို့မှာပါ ရရှိနေပါပြီ။ ထိုင်းမှာ ကြိုတင်အမှာကောက်ခံနေပြီး ဖိလစ်ပိုင်မှာတော့ Oppo အမှတ်တံဆိပ်ရဲ့ ငါးနှစ်ပြည့်အချိန်နဲ့တိုက်ပြီး လာမယ်လို့ ကြေငြာထားတာ တွေ့ရတယ်။

မူရင်းကာလာနှစ်ခုဖြစ်တဲ့ Thunder Black နဲ့ Aurora Green တို့ထက်ပိုပြီးတောက်ပတဲ့ အရောင်ဖြစ်တာကိုလည်း တွေ့ရမှာပါ။ Oppo ဟာမကြာသေးခင်ကမှ Avengers: Endgame ရုပ်ရှင်နဲ့ကိုက်ပြီး Oppo F11 Pro Avengers Edition ကိုထုတ်ခဲ့သေးတဲ့အတွက် ဒါဟာ တတိယအရောင်ဆိုတာထက် လေးခုမြောက်လို့ ပြောရင်တောင် ပိုမှန်မယ်ထင်ပါတယ်။

Oppo F11 Pro ဖုန်းမှာ 6.53” လက်မအရွယ် LTPS IPS LCD မျက်နှာပြင်အသုံးပြုထားပြီး Pop-up Selfie စနစ်ကို အသုံးပြုထားပါတယ်။ နောက်ဘက်မှာ 48MP ကင်မရာနဲ့ 5MP Depth Sensor တို့ကို တွဲဖက်ထားပြီး Selfie ကင်မရာက 16MP f/2.0 ဖြစ်ပါတယ်။

အတွင်းမှာ Helio P70 ချစ်ပ်ဆက်အသုံးပြုထားပြီး မူရင်းဗားရှင်းမှာ 4GB နဲ့ 6GB RAM မန်မိုရီနှစ်မျိုး ရှိပေမယ့် Waterfall Gray ဖုန်းကတော့ 6GB RAM ကို 64GB / 128GB Storage မော်ဒယ်နှစ်ခုဖြင့်သာ ထွက်ရှိလာမှာဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာကြေငြာထားတဲ့ဈေးကတော့ 64GB ဗားရှင်းကို ဖိလစ်ပိုင်ပီဆို ၁၅၉၉၀ (မြန်မာငွေ လေးသိန်းခုနစ်သောင်းခန့်) နဲ့ 128GB မော်ဒယ်က ဖိလစ်ပိုင်ပီဆို ၁၈၉၉၀ (မြန်မာငွေ ငါးသိန်းငါးသောင်းကျော်) အသီးသီးဖြစ်ပါတယ်။

Ref – GSM Arena