[Zawgyi]

မၾကာခင္ထြက္ေပၚလာမယ့္ OPPO F11 Pro စမတ္ဖုန္းကို Teaser လုပ္ၿပီးတဲ့ေနာက္ သတင္းေတြ တစ္ခုၿပီးတစ္ခု ထြက္လာခဲ့ပါတယ္။ အခုအခါမွာေတာ့ OPPO F11 Pro ရဲ႕ လိုအပ္ေနေသးတဲ့ Specs ေတြ ထပ္မံထြက္ေပၚလာတဲ့ေနာက္ ဆယ္ဖီအသားေပး မ်ဳိးဆက္သစ္စမတ္ဖုန္းမွာ ဘာေတြပါလာမလဲ ဆုိတာ ပိုလို႔ ရွင္းလင္းလာခဲ့ပါၿပီ။

OPPO F11 Pro ရဲ႕ေနာက္ေက်ာဘက္မွာ 48MP ကင္မရာပါမယ္ဆုိတာေတာ့ သိႏွင့္ၿပီးသားျဖစ္ၿပီး ဆယ္ဖီကင္မရာဟာ 16MP ဆုိတာပါ ထြက္ေပၚလာခဲ့ပါတယ္။ ေနာက္ဘက္အဓိကကင္မရာက 48MP f/1.79 ဆင္ဆာျဖစ္ၿပီး Samsung ISOCELL GM1 သုိ႔မဟုတ္ Sony IMX586 ျဖစ္ဖုိ႔မ်ားကာ 5MP အကူကင္မရာငယ္နဲ႔ တြဲဖက္ထားတယ္။

အတြင္းပုိင္းမွာ MediaTek P70 ခ်စ္ပ္ဆက္ အသုံးျပဳထားၿပီး မန္မုိရီကေတာ့ 6GB RAM နဲ႔ 64/128 GB Storage ပမာဏေရြးခ်ယ္ႏုိင္မွာပါ။ Android 9.0 ကိုအေျခခံထားတဲ့ ColorOS 6.0 သုံးစြဲထားတယ္။

ဖုန္းရဲ႕ကုိယ္ထည္အခ်ဳိးအစားက 161.3 x 76.1 x 8.8mm ရွိမွာျဖစ္ၿပီး အေလးခ်ိန္ ၁၉၀ ဂရမ္ရွိတဲ့ ဖုန္းကို Thunder Black နဲ႔ Aurora Green အေရာင္ႏွစ္မ်ဳိးျဖင့္ ပြဲထြက္လာမွာပါ။ 6.5” လက္မအရြယ္ TFT-LTPS Display ကေတာ့ 2340 x 1080p Resolution ရွိပါတယ္။ ဘကၳရီပမာဏက 4,000 mAh ျဖစ္ၿပီး VOOC Flash Charge 3.0 အားသြင္းစနစ္ပါဝင္တယ္။

OPPO ဟာ အခု MWC 2019 ပြဲေတာ္ရဲ႕ စေနေန႔မွာ မိတ္ဆက္ပြဲတစ္ခုလုပ္သြားဖုိ႔ ရွိေနၿပီး အေစာပုိင္းမွာ F11 Pro ကို မိတ္ဆက္လာဖို႔ မမီေလာက္ေတာ့ဘူးလို႔ ယူဆခဲ့ရေပမယ့္ အခုေတာ့ MWC ပြဲကို မလြဲေခ်ာ္ဘဲ ပါလာႏုိင္ေခ် ရွိေနၿပီျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

မကြာခင်ထွက်ပေါ်လာမယ့် OPPO F11 Pro စမတ်ဖုန်းကို Tease လုပ်ပြီးတဲ့နောက် သတင်းတွေ တစ်ခုပြီးတစ်ခု ထွက်လာခဲ့ပါတယ်။ အခုအခါမှာတော့ OPPO F11 Pro ရဲ့ လိုအပ်နေသေးတဲ့ Specs တွေ ထပ်မံထွက်ပေါ်လာတဲ့နောက် ဆယ်ဖီအသားပေး မျိုးဆက်သစ်စမတ်ဖုန်းမှာ ဘာတွေပါလာမလဲ ဆိုတာ ပိုလို့ ရှင်းလင်းလာခဲ့ပါပြီ။

OPPO F11 Pro ရဲ့နောက်ကျောဘက်မှာ 48MP ကင်မရာပါမယ်ဆိုတာတော့ သိနှင့်ပြီးသားဖြစ်ပြီး ဆယ်ဖီကင်မရာဟာ 16MP ဆိုတာပါ ထွက်ပေါ်လာခဲ့ပါတယ်။ နောက်ဘက်အဓိကကင်မရာက 48MP f/1.79 ဆင်ဆာဖြစ်ပြီး Samsung ISOCELL GM1 သို့မဟုတ် Sony IMX586 ဖြစ်ဖို့များကာ 5MP အကူကင်မရာငယ်နဲ့ တွဲဖက်ထားတယ်။

အတွင်းပိုင်းမှာ MediaTek P70 ချစ်ပ်ဆက် အသုံးပြုထားပြီး မန်မိုရီကတော့ 6GB RAM နဲ့ 64/128 GB Storage ပမာဏရွေးချယ်နိုင်မှာပါ။ Android 9.0 ကိုအခြေခံထားတဲ့ ColorOS 6.0 သုံးစွဲထားတယ်။

ဖုန်းရဲ့ကိုယ်ထည်အချိုးအစားက 161.3 x 76.1 x 8.8mm ရှိမှာဖြစ်ပြီး အလေးချိန် ၁၉၀ ဂရမ်ရှိတဲ့ ဖုန်းကို Thunder Black နဲ့ Aurora Green အရောင်နှစ်မျိုးဖြင့် ပွဲထွက်လာမှာပါ။ 6.5” လက်မအရွယ် TFT-LTPS Display ကတော့ 2340 x 1080p Resolution ရှိပါတယ်။ ဘက္ထရီပမာဏက 4,000 mAh ဖြစ်ပြီး VOOC Flash Charge 3.0 အားသွင်းစနစ်ပါဝင်တယ်။

OPPO ဟာ အခု MWC 2019 ပွဲတော်ရဲ့ စနေနေ့မှာ မိတ်ဆက်ပွဲတစ်ခုလုပ်သွားဖို့ ရှိနေပြီး အစောပိုင်းမှာ F11 Pro ကို မိတ်ဆက်လာဖို့ မမီလောက်တော့ဘူးလို့ ယူဆခဲ့ရပေမယ့် အခုတော့ MWC ပွဲကို မလွဲချော်ဘဲ ပါလာနိုင်ချေ ရှိနေပြီဖြစ်ပါတယ်။

Ref: GSM Arena