[Zawgyi]
[Unicode]
F11 Pro မိတ်ဆက်ပွဲ Live Stream ကြည့်ရှုသူများကို F11 Pro တစ်လုံး မဲဖောက်ပေးသွားမယ့် OPPO
OPPO Myanmar အနေနဲ့ 16MP Pop-up Camera, 48MP Rear Camera တွေ တပ်ဆင်ထားတဲ့ F11 Pro ကို လာမယ့် မတ်လ ၂၁ရက်နေ့မှာ စည်ကားသိုက်မြိုက်စွာ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲကို OPPO Myanmar ရဲ့ တရားဝင် Facebook Page ကနေတစ်ဆင့် (Live Stream) တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပြီး၊ ကြည့်ရှုသူများကို OPPO F11 Pro တစ်လုံး ကံစမ်းမဲဖောက်ပေးသွားမယ်လို့ သိရပါတယ်။ ကျွန်တော်တို့ MyTech Myanmar အပါအဝင် OPPO Myanmar ရဲ့ Partner မီဒီယာ Page တွေကလည်း အဆိုပါ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဥ်ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
OPPO F11 Pro မိတ်ဆက်ပွဲရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဥ်ကို ကြည့်ရှုပြီး F11 Pro တစ်လုံး ကံထူးလိုသူများအနေနဲ့ OPPO Myanmar က ထုတ်ပြန်ကြေညာထားတဲ့ ပြိုင်ပွဲမေးခွန်း ၃မျိူးကို ဦးစွာ ဖြေကြားပေးဖို့ လိုအပ်ပါတယ်။ ပြိုင်ပွဲမေးခွန်း ၃မျိူးကတော့ “၁. OPPO F11 Pro ရဲ့ Slogan (ကြော်ငြာဆောင်ပုဒ်) ကို ဖော်ပြပါ၊ ၂. OPPO F11 Pro ကို အရောင် ဘယ်နှမျိူးဖြင့် ရနိုင်ပါသလဲ။ အရောင်အမည်များကို ဖော်ပြပါ၊ ၃. OPPO F11 Pro ရဲ့ အဓိက အားသာချက်များထဲမှ သင်ကြိုက်နှစ်သက်တဲ့ အားသာချက် ၂ခုကို ဖော်ပြပါ” တို့ဖြစ်ပြီး အဆိုပါ မေးခွန်းတွေကို တိုက်ရိုက်ထုတ်လွှင့်မှု စတင်ချိန်မှ မတ်လ ၂၁ရက်နေ့ ည၁၂နာရီအထိ ဖြေဆိုခွင့် ရှိတယ်လို့ သိရပါတယ်။
OPPO F11 Pro ကံထူးရှင်ရွေးချယ်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်သူများအနေနဲ့ OPPO Myanmar ဘက်က ထုတ်ပြန်ကြေညာထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲစည်းကမ်းချက်တွေကိုတော့ အောက်မှာ ဖတ်ရှူ့နိုင်ပါတယ်။
ပြိုင်ပွဲစည်းကမ်းချက် –
• OPPO Page ကို Like လုပ်ပါ။
• ထုတ်လွှင့်နေတဲ့ Live Stream ကို Like React ပေးပြီး #OPPOF11Pro ဆိုတဲ့ Hashtag နဲ့ အတူ Public Share ပါ။
• အထက်က ပေးထားတဲ့ မေးခွန်း ၃ ခုကို ဖြေဆိုပြီး ထုတ်လွှင့်နေတဲ့ Live Stream အတွင်း ကွန်မန့် ပေးပါ။ (မေးခွန်း ၃ ခုလုံးရဲ့ အဖြေကို တစ်တွဲတည်း ပေးပို့ဖြေဆိုရမှာဖြစ်ပြီး အကောင့်တစ်ခုလျှင် တစ်ကြိမ်သာ)
• သတ်မှတ်ထားတဲ့ ပြိုင်ပွဲအချိန်အတွင်း ဖြေဆိုရပါမယ်။
• ကံထူးရှင်ကို April လအတွင်း ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။
• OPPO ဝန်ထမ်းနှင့် ၎င်း၏ မိသားစုဝင်များ ပါဝင်ခွင့်မပြုပါ။
• အငြင်းပွားဖွယ် တစ်စုံတရာ ဖြစ်ပေါ်လာပါက #OPPO ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါတယ်။