[Zawgyi]
Oppo F11 Pro Vs Vivo V15
မော်ဒယ် ၂မျိုးစလုံးက ထွက်ရှိထားတာ ရက်ပိုင်းပဲ ကြာသေးတဲ့ စမတ်ဖုန်းတွေ ဖြစ်သလို ဈေးနှုန်းကလည်း အရမ်းကြီး ကွာခြားမသွားတဲ့ အနေအထားမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရောင်းချသွားမယ့် F11 Pro ရဲ့ ဈေးနှုန်းက ၄၉၉,၉၀၀ ကျပ်တိတိ ကျသင့်ပြီး V15 ရဲ့ ဈေးနှုန်းကတော့ ၄၆၉,၀၀၀ ကျပ်တိတိ ကျသင့်မှာပါ။
Oppo F11 Pro Vs Vivo V15 (no In-display Fingerprint)
Ref : GsmArena, Oppo, Vivo
[Unicode]
Oppo F11 Pro နဲ့ Vivo V15 တို့ရဲ့ Specifications များအား နှိုင်းယှဥ်ကြည့်ခြင်း
Oppo F11 Pro Vs Vivo V15
မော်ဒယ် ၂မျိူးစလုံးက ထွက်ရှိထားတာ ရက်ပိုင်းပဲ ကြာသေးတဲ့ စမတ်ဖုန်းတွေ ဖြစ်သလို စျေးနှုန်းကလည်း အရမ်းကြီး ကွာခြားမသွားတဲ့ အနေအထားမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရောင်းချသွားမယ့် F11 Pro ရဲ့ စျေးနှုန်းက ၄၉၉,၉၀၀ ကျပ်တိတိ ကျသင့်ပြီး V15 ရဲ့ စျေးနှုန်းကတော့ ၄၆၉,၀၀၀ ကျပ်တိတိ ကျသင့်မှာပါ။
F11 Pro နဲ့ V15 တို့က Processor , Display Size, Display Resolution , Physical Fingerprint Sensor နဲ့ Battery ပမာဏတွေမှာ တူညီကြပါတယ်။ မော်ဒယ် ၂မျိူးစလုံးမှာ MediaTek Helio P70 (12nm) Chipset တွေကို အသုံးပြုထားကြပြီး Battery သိုလှောင်မှု ပမာဏအနေနဲ့ 4000mAh ထည့်သွင်းထားကြပါတယ်။ ၆.၅၃လက်မ မျက်နှာပြင်အကျယ်ရှိ LCD Display တွေကို အသုံးပြုထားကြပြီး Resolution ကတော့ 1080 x 2340 pixels အသီးသီး ရှိကြပါတယ်။
Operating System အပိုင်းအတွက် Android 9 (Pie) ကို အခြေခံထားကြပေမယ့် F11 Pro က ColorOS 6 နဲ့ ပြန်လည်ဆန်းသစ်ထားပြီး၊ V15 ကတော့ Funtouch OS 9 နဲ့ ပြန်လည်ဆန်းသစ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ရောင်းချသွားမယ့် F11 Pro မှာ RAM 6GB + Storage 128GB ပါဝင်ပြီး၊ V15 မှာတော့ RAM 6GB + Storage 64GB ပါဝင်ပါတယ်။ မော်ဒယ် ၂မျိူးစလုံးမှာ microUSB တွေကို အသုံးပြုထားကြပေမယ့် F11 Pro မှာ VOOC 3.0 (20W) အမြန်အားသွင်းစနစ် ထောက်ပံ့ထားပြီး၊ V15 မှာတော့ Dual-Engine Fast Charging (18W) အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။
Oppo F11 Pro နဲ့ Vivo V15 တို့ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းလို့ ပြောလို့ရတဲ့ Camera မှာတော့ တည်ဆောက်ပုံနဲ့ Sensor အသုံးပြုမှုတွေက ကွဲပြားသွားပါတယ်။ F11 Pro ရဲ့ Camera အပိုင်းအတွက် 48MP (f/1.79) + 5MP (f/2.4) Depth Sensor တွေကို Dual Camera Setup အဖြစ် နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး 16MP (f/2.0) Sensor ကို Motorized Pop-up ထဲမှာ ထည့်သွင်းတပ်ဆင်ထားပါတယ်။ V15 ရဲ့ Camera အပိုင်းအတွက်ကိုတော့ 12MP (f/1.78) + 8MP (f/2.2) Ultra-wide + 5MP (f/2.4) Depth Sensor တွေကို Triple Camera Setup အဖြစ် နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး 32MP (f/2.0) Sensor ကို Motorized Pop-up ထဲမှာ ထည့်သွင်းတပ်ဆင်ထားပါတယ်။
ဒီလောက်ဆိုရင်တော့ Oppo F11 Pro နဲ့ Vivo V15 တို့ရဲ့ အဓိက ကွာခြားချက်တွေကို သိရှိနားလည်သွားပြီ ဖြစ်ပြီး မိမိအတွက် အသင့်တော်ဆုံး ဖြစ်လာမယ့် စမတ်ဖုန်းကို ရွေးချယ်ဝယ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Ref : GsmArena, Oppo, Vivo