Unicode

Oppo F စီးရီးဟာ နှစ်စဉ်တိုင်းမှာ အဖွဲ့ဝင်သစ်နှစ်ဦးစီ ထုတ်လုပ်လာလေ့ရှိပြီး အခုနှစ်မှာတော့ Oppo F15 ဟာ Oppo F11 ကို အစားထိုးဖို့ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ Oppo ရဲ့အိန္ဒိယကုမ္ပဏီခွဲဟာ သူတို့ရဲ့ Youtube စာမျက်နှာမှာ Oppo F15 အမည်နဲ့ Teaser ဗီဒီယိုကို တရားဝင်တင်လာခဲ့ပြီး “Flaunt it Your Way” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကြေညာလာခဲ့ပါတယ်။

စက္ကန့် ၃၀ စာ ဗီဒီယိုထဲမှာ စမတ်ဖုန်းအသစ်ကို ခဏလေးပဲ မြင်ရပေမယ့် နောက်ဘက်က ကင်မရာလေးလုံးနဲ့ ဒီဇိုင်းဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ တရုတ်နိုင်ငံမှာ မိတ်ဆက်သွားတဲ့ Oppo A91 နဲ့ တော်တော်ကို ဆင်တူနေပါတယ်။

တကယ်လို့ Oppo F15 ဟာ Oppo A91 ကို အခြေခံထားတာ အမှန်ပဲဆိုရင်တော့ Helio P70 ချစ်ပ်ဆက်၊ Waterdrop Notch တစ်ခုနဲ့ 6.4” လက်မ AMOLED Display တို့ကို မြင်ရမှာပါ။ နောက်ဘက်က Quad-cam မှာ 48MP အဓိက ကင်မရာနဲ့အတူ Ultrawide-angle, Macro နဲ့ Depth Sensor တို့ ပါဝင်ပါတယ်။ ဘက္ထရီကတော့ 4,000 mAh ဖြစ်ပြီး 30W VOOC 3.0 အားသွင်းစနစ်နဲ့ တွဲဖက်ထားပါတယ်။

Oppo F15 ဟာ A91 နဲ့ ထပ်တူညီတဲ့ ဖုန်းတစ်လုံး ဟုတ်မဟုတ်ကိုတော့ ကုမ္ပဏီက ထုတ်ဖော်ပြသလာတဲ့အထိ စောင့်ရမှာပါ။ သူတို့ရဲ့ Youtube ဗီဒီယိုထဲမှာ မကြာခင် လို့ဖော်ပြထားတာကြောင့် အဖြေကို အကြာကြီးတော့ စောင့်ရမှာ မဟုတ်ပါဘူး။

Ref – GSM Arena

Zawgyi

Oppo F စီးရီးဟာ ႏွစ္စဥ္တုိင္းမွာ အဖြဲ႕ဝင္သစ္ႏွစ္ဦးစီ ထုတ္လုပ္လာေလ့ရွိၿပီး အခုႏွစ္မွာေတာ့ Oppo F15 ဟာ Oppo F11 ကို အစားထိုးဖုိ႔ ထြက္ရွိလာေတာ့မွာျဖစ္ပါတယ္။ Oppo ရဲ႕အိႏၵိယကုမၸဏီခြဲဟာ သူတုိ႔ရဲ႕ Youtube စာမ်က္ႏွာမွာ Oppo F15 အမည္နဲ႔ Teaser ဗီဒီယုိကို တရားဝင္တင္လာခဲ့ၿပီး “Flaunt it Your Way” ဆုိတဲ့ ေဆာင္ပုဒ္နဲ႔ ေၾကညာလာခဲ့ပါတယ္။

စကၠန္႔ ၃၀ စာ ဗီဒီယုိထဲမွာ စမတ္ဖုန္းအသစ္ကို ခဏေလးပဲ ျမင္ရေပမယ့္ ေနာက္ဘက္က ကင္မရာေလးလုံးနဲ႔ ဒီဇုိင္းဟာ လြန္ခဲ့တဲ့ရက္အနည္းငယ္ကမွ တရုတ္ႏုိင္ငံမွာ မိတ္ဆက္သြားတဲ့ Oppo A91 နဲ႔ ေတာ္ေတာ္ကို ဆင္တူေနပါတယ္။

တကယ္လို႔ Oppo F15 ဟာ Oppo A91 ကို အေျခခံထားတာ အမွန္ပဲဆုိရင္ေတာ့ Helio P70 ခ်စ္ပ္ဆက္၊ Waterdrop Notch တစ္ခုနဲ႔ 6.4” လက္မ AMOLED Display တုိ႔ကို ျမင္ရမွာပါ။ ေနာက္ဘက္က Quad-cam မွာ 48MP အဓိက ကင္မရာနဲ႔အတူ Ultrawide-angle, Macro နဲ႔ Depth Sensor တုိ႔ ပါဝင္ပါတယ္။ ဘကၳရီကေတာ့ 4,000 mAh ျဖစ္ၿပီး 30W VOOC 3.0 အားသြင္းစနစ္နဲ႔ တြဲဖက္ထားပါတယ္။

Oppo F15 ဟာ A91 နဲ႔ ထပ္တူညီတဲ့ ဖုန္းတစ္လုံး ဟုတ္မဟုတ္ကိုေတာ့ ကုမၸဏီက ထုတ္ေဖာ္ျပသလာတဲ့အထိ ေစာင့္ရမွာပါ။ သူတုိ႔ရဲ႕ Youtube ဗီဒီယုိထဲမွာ မၾကာခင္ လို႔ေဖာ္ျပထားတာေၾကာင့္ အေျဖကို အၾကာႀကီးေတာ့ ေစာင့္ရမွာ မဟုတ္ပါဘူး။

Ref – GSM Arena