OPPO က F27 5G ကို ကြေညာလိုက်ပြီး IP64 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။ 6.67” OLED FHD+ 120Hz Display တပ်ဆင်ထားပြီး ရေစိုနေတဲ့လက်နဲ့ အသုံးပြုနိုင်ပါတယ်။ 2,100 Nits Peak Brightness ထောက်ပံ့ထားပြီး Emerald Green နဲ့ Amber Orange အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Oppo F27 5G arrives quietly with IP64 rating, long-lasting battery and a light ring - GSMArena.com news

စက်ဝိုင်းပုံ ကင်မရာ Island ပတ်လည်မှာ Ring Light ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 50MP နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 32MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ ထည့်သွင်းထားပါတယ်။

OPPO က Chipset ကို မပြောသေးပေမယ့် သတင်းအရ Dimensity 6300 ဖြစ်နိုင်ပါတယ်။ အဲဒါဟာ စွမ်းရည်နိမ့် 5G Chipset ဖြစ်ပြီး 8GB RAM နဲ့ 128Gb, 256GB Storage ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု ColorOS မောင်းနှင်ထားပါတယ်။

ထူးခြားတာက ၂၀၀ မီတာ (ပေ ၆၅၀) အတွင်း Walkie-talkie လို အသုံးပြုနိုင်တဲ့ BeaconLink စွမ်းရည် ထည့်သွင်းထားပါတယ်။ ဒီနည်းပညာက Bluetooth ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Oppo F27 5G arrives quietly with IP64 rating, long-lasting battery and a light ring - GSMArena.com news

AI Studio , AI Eraser 2.0 , AI Smart Image Matting 2.0 , AI Recording Summary နဲ့ AI Toolkit စတဲ့ AI စွမ်းရည်တွေ ပါလာပါတယ်။

45W SuperVOOC Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပြီး ၇၁ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

OPPO F27 5G ကို အိန္ဒိယမှာ 8/128GB ကို ၂၇၅ ဒေါ်လာ သတ်မှတ်ထားပြီး 8/256GB Version ကိုလည်း ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena