OPPO F27 Pro+ ကို ကြေညာလိုက်ပြီး အိန္ဒိယရဲ့ IP68 စံနှုန်း ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ စစ်တပ် အဆင့် အကြမ်းခံတဲ့ MIL-STD-810H စံနှုန်း ထည့်သွင်းထားပြီး 6.7” Curved AMOLED Display ကို Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။

Oppo F27 Pro+ debuts with Dimensity 7050 and IP69 rating

Display ရဲ့ Resolution က FHD+ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး 8MP အရှေ့ ကင်မရာ ပါပါတယ်။ အနောက်ဘက်မှာ 64MP Main နဲ့ 2MP ကင်မရာ ၂ လုံး ပါလာပါတယ်။ OPPO က ဓါတ်ပုံထဲက မလိုလားအပ်တဲ့ အရာတွေကို ဖျက်နိုင်တဲ့ AI Eraser နဲ့ ဓါတ်ပုံတွေကို စတစ်ကာနဲ့ Emoji အဖြစ် ပြောင်းနိုင်တဲ့ Image Matting Feature တွေ ထည့်သွင်းထားပါတယ်။

Oppo F27 Pro+ with MediaTek Dimensity 7050 SoC, IP69 Rating Launched in India: Price, Specs, Offers - Gizbot News

F27 Pro+ မှာ MediaTek Dimensity 7050 Chipset နဲ့ အတူ 8GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု ColorOS 14 မောင်းနှင်ထားပြီး 67W SuperVOOC Flash Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

OPPO F27 Pro+ အတွက် Dusk Pink နဲ့ Midnight Navy အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၃၃၅ ဒေါ်လာနဲ့ 8/256GB ကို ၃၆၀ ဒေါ်လာ သတ်မှတ်ထားပြီး အိန္ဒိယမှာ ဒီလ ၂၀ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena