Vivo ကနေ 18:9 Ratio နဲ့ FullView Display အသုံးပြုထားတဲ့ Vivo V7+ စမတ်ဖုန်းထွက်ရှိပြီး အခုအချိန်မှာ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Oppo ကလည်း Oppo F5 စမတ်ဖုန်းအသစ်ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

Oppo F5 စမတ်ဖုန်းမှာဆိုရင် ဘေးဘောင်တွေအလွန်သေးငယ်တဲ့ ၆ လက်မအရွယ် 18:9 Ratio Display ကို အသုံးပြုထားပြီး Resolution အနေနဲ့ 1080×2160 Pixels ရှိမှာဖြစ်ပါတယ်။ အခုလိုမျိုး Display ကို ဖုန်းအရှေ့ဘက်အပြည့်နေရာယူလိုက်ရတဲ့အတွက် Fingerprint Scanner ကတော့ ဖုန်းရဲ့ နောက်ကျောဘက်ကိုရောက်ရှိသွားမှာဖြစ်ပါတယ်။

Fingerprint Scanner က ဖုန်းရဲ့ နောက်ကျောဘက်မှာဖြစ်တဲ့အတွက် Oppo ကနေ ဖုန်းကို Unlock ပြုလုပ်ရအောင်လွယ်ကူအောင် Face Unlock Feature ကိုပါ အသုံးပြုနိုင်အောင်ပြုလုပ်ပေးထားပါသေးတယ်။

Oppo ကထုတ်လုပ်တဲ့ဖုန်းဖြစ်တဲ့အတွက် Selfie Camera ကလည်း ကောင်းမွန်ပြီးတော့ 20MP Selfie Camera ပါဝင်မှာဖြစ်ပါတယ်။ ပိုပြီးထူးခြားတာတစ်ခုကတော့ AI – Artificial Intelligence လို့ခေါ်တဲ့ ညဏ်ရေတုနည်းပညာကို Oppo F5 ဖုန်းမှာထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Selfie ဓါတ်ပုံတွေကို ပုံမှန်ထက်လှပအောင် AI ကနေ ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။ Back Camera ကတော့ 16MP ပါဝင်မှာပါ။

Oppo F5 စမတ်ဖုန်းကို MediaTek Helio P23 CPU တပ်ဆင်ထားပြီး RAM 4GB/ROM 32GB ဒါမှမဟုတ် RAM 6GB/ROM 64GB ဆိုပြီးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ခန့်မှန်းခြေ ဒေါ်လာ ၃၀၀ ဝန်းကျင်ရှိမှာဖြစ်ပါတယ်။