Vivo ကနေ အခုလာမယ့် မတ်လ ၂၇ ရက်နေ့မှာ နိုင်ငံတကာဈေးကွက်ကို Vivo V9 စမတ်ဖုန်းနဲ့ မိတ်ဆက်သွားဖို့ရှိနေပြီးတော့ အခုအချိန်မှာတော့ Vivo ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Oppo ကနေ Vivo က မကြေငြာခင် F7 စမတ်ဖုန်းသစ်ကို အရင်ကြေငြာသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

အခု Oppo F7 ဖုန်းကို အိန္ဒိယနိုင်ငံမှာ အရင်ဆုံးမိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ သိရပြီးတော့ မြန်မာနိုင်ငံအပါအဝင် အခြားသောနိုင်ငံတွေမှာပါ နောက်ပိုင်းမှာ ရောင်းချပေးသွားဖို့ ရှိနေတယလို့ သိရပါတယ်။

အခု Oppo F7 စမတ်ဖုန်းရဲ့ Teaser ဓါတ်ပုံအရ Oppo F7 ဖုန်းဟာ Vivo V9 စမတ်ဖုန်းလိုမျိုးပဲ Screen က ဖုန်းရဲ့ မျက်နှာပြင်ကို ပိုမိုနေရာယူလာပြီး Selfie Camera အတွက် Notch Bar လည်းပါဝင်လာဦးမှာဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့သတင်းတွေအရတော့ Oppo F7 စမတ်ဖုန်းဟာ 6.2″ Full HD+ Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ ဖုန်းရဲ့ Display ဟာ ဖုန်းရဲ့ အရှေ့ဘက်မျက်နှာပြင်ရဲ့ ၉၀ ရာခိုင်နှုန်းကို ရယူထားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Oppo F7 စမတ်ဖုန်းဟာ 25 MP Front Selfie Camera ပါဝင်လာမှာဖြစ်ပြီးတော့ F5 တုန်းက စတင်ထည့်သွင်းထားခဲ့တဲ့ AI Beauty နည်းပညာကိုလည်း ထပ်မံအဆင့်မြှင့်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

Specifications ပိုင်းအနေနဲ့လည်း Oppo ဟာ MediaTek ရဲ့ Helio P60 Processor အသစ်ကို အသုံးပြုလာနိုင်ပြီး RAM 6GB နဲ့ Storage ကိုလည်း 128GB အထိ ရရှိလာနိုင်မှာပဲဖြစ်ပါတယ်။