Unicode

OPPO ကနေ Flagship Find Series စမတ်ဖုန်းအသစ်ဖြစ်လာမယ့် OPPO Find X2 ကို လာမယ့် လအနည်းငယ်အတွင်းမှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ Innovation တွေအများအပြားကို ထုတ်ပြတတ်တဲ့ Find Series ဖုန်းတစ်ခုဖြစ်တဲ့အတွက် ဒီ Find X2 မှာလည်း ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။

အခုလည်း OPPO Find X2 နဲ့ သက်ဆိုင်တဲ့သတင်းတစ်ခု ထပ်မံထွက်ရှိလာပြီဖြစ်ပြီးတော့ ဒီသတင်းက Display နဲ့ သက်ဆိုင်တယ်လို့ ပြောလို့ရပါတယ်။ ယခင်တုန်းက OPPO ရဲ့ Vice President ဖြစ်တဲ့ Brian Shen က ဒီ Find X2 ဖုန်းဟာ ပြီးခဲ့တဲ့ Find X ထက် Display ပိုကောင်းလာမယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပြီး အခုအသေးစိတ်အချက်အလက်အချို့ပေါက်ကြားလာတာဖြစ်ပါတယ်။

ဒီသတင်းကို Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ OPPO Find X2 ဟာ QHD+ Resolution ရှိတဲ့ Display အပြင် 120Hz Refresh Rate ကိုပါ Support ပြုလုပ်လာမယ်လို့ သိရပါတယ်။ Resolution အနေနဲ့ အတိအကျ 3168 x 1440 Pixels ရှိပြီးတော့ Samsung ကနေ ထုတ်လုပ်ပေးထားတဲ့ Curved OLED Panel အမျိုးအစားလည်းဖြစ်ပါတယ်။

Screen Size အနေနဲ့ကတော့ 6.5″ ဝန်းကျင်ရှိမှာဖြစ်ပြီးတော့ Selfie Camera အတွက် Screen ရဲ့ ဘယ်ဘက်မှာ Punch Hole Design ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီနေရာမှာထူးခြားချက်က OPPO Find X2 ဖုန်းမှာ Resolution ကို Full HD+ နဲ့ QHD+ ဆိုပြီး ရွေးချယ်နိုင်တဲ့အပြင် Refresh Rate ကိုလည်း ဒီ Resolution ၂ မျိုးစလုံးမှာ 60Hz နဲ့ 120Hz ကို ရွေးချယ်ခွင့်ပေးထားတာဖြစ်ပါတယ်။ ဒါက Samsung Galaxy S20 Series ဖုန်းတွေမှာ 120Hz Refresh Rate ကို Full HD+ Resolution မှာပဲ အသုံးပြုခွင့်ပေးတာနဲ့ ယှဥ်မယ်ဆိုရင် သိသိသာသာကို အားသာချက်တစ်ခုဖြစ်လာမှာပါ။

ဘာပဲဖြစ်ဖြစ် OPPO Find X2 စမတ်ဖုန်းဟာ Qualcomm Snapdragon 865 Processor နဲ့ X55 5G Modem ပါဝင်လာမှာဖြစ်ပြီး ဒီလာမယ့် မတ်လ မတိုင်ခင်မှာ တရားဝင်မိတ်ဆက်လာနိုင်ဖွယ်ရှိနေပါတယ်။

Ref – Gizmo China

Zawgyi

OPPO ကေန Flagship Find Series စမတ္ဖုန္းအသစ္ျဖစ္လာမယ့္ OPPO Find X2 ကို လာမယ့္ လအနည္းငယ္အတြင္းမွာ တရားဝင္မိတ္ဆက္သြားေတာ့မွာျဖစ္ပါတယ္။ Innovation ေတြအမ်ားအျပားကို ထုတ္ျပတတ္တဲ့ Find Series ဖုန္းတစ္ခုျဖစ္တဲ့အတြက္ ဒီ Find X2 မွာလည္း ဘယ္လိုမ်ိဳး Feature အသစ္ေတြပါဝင္လာမလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းေနျပန္ပါတယ္။

အခုလည္း OPPO Find X2 နဲ႔ သက္ဆိုင္တဲ့သတင္းတစ္ခု ထပ္မံထြက္ရွိလာၿပီျဖစ္ၿပီးေတာ့ ဒီသတင္းက Display နဲ႔ သက္ဆိုင္တယ္လို႔ ေျပာလို႔ရပါတယ္။ ယခင္တုန္းက OPPO ရဲ႕ Vice President ျဖစ္တဲ့ Brian Shen က ဒီ Find X2 ဖုန္းဟာ ၿပီးခဲ့တဲ့ Find X ထက္ Display ပိုေကာင္းလာမယ္လို႔လည္း ေျပာၾကားခဲ့တာျဖစ္ၿပီး အခုအေသးစိတ္အခ်က္အလက္အခ်ိဳ႕ေပါက္ၾကားလာတာျဖစ္ပါတယ္။

ဒီသတင္းကို Digital Chat Station ကေန ေဖာ္ျပခဲ့တာျဖစ္ၿပီးေတာ့ OPPO Find X2 ဟာ QHD+ Resolution ရွိတဲ့ Display အျပင္ 120Hz Refresh Rate ကိုပါ Support ျပဳလုပ္လာမယ္လို႔ သိရပါတယ္။ Resolution အေနနဲ႔ အတိအက် 3168 x 1440 Pixels ရွိၿပီးေတာ့ Samsung ကေန ထုတ္လုပ္ေပးထားတဲ့ Curved OLED Panel အမ်ိဳးအစားလည္းျဖစ္ပါတယ္။

Screen Size အေနနဲ႔ကေတာ့ 6.5″ ဝန္းက်င္ရွိမွာျဖစ္ၿပီးေတာ့ Selfie Camera အတြက္ Screen ရဲ႕ ဘယ္ဘက္မွာ Punch Hole Design ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ဒီေနရာမွာထူးျခားခ်က္က OPPO Find X2 ဖုန္းမွာ Resolution ကို Full HD+ နဲ႔ QHD+ ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္တဲ့အျပင္ Refresh Rate ကိုလည္း ဒီ Resolution ၂ မ်ိဳးစလုံးမွာ 60Hz နဲ႔ 120Hz ကို ေ႐ြးခ်ယ္ခြင့္ေပးထားတာျဖစ္ပါတယ္။ ဒါက Samsung Galaxy S20 Series ဖုန္းေတြမွာ 120Hz Refresh Rate ကို Full HD+ Resolution မွာပဲ အသုံးျပဳခြင့္ေပးတာနဲ႔ ယွဥ္မယ္ဆိုရင္ သိသိသာသာကို အားသာခ်က္တစ္ခုျဖစ္လာမွာပါ။

ဘာပဲျဖစ္ျဖစ္ OPPO Find X2 စမတ္ဖုန္းဟာ Qualcomm Snapdragon 865 Processor နဲ႔ X55 5G Modem ပါဝင္လာမွာျဖစ္ၿပီး ဒီလာမယ့္ မတ္လ မတိုင္ခင္မွာ တရားဝင္မိတ္ဆက္လာႏိုင္ဖြယ္ရွိေနပါတယ္။

Ref – Gizmo China