OPPO ကနေ အခုအချိန်မှာ Flagship စမတ်ဖုန်းစျေးကွက်ထဲကို Find X2 Pro နဲ့ Find X2 ဖုန်းတွေကို မိတ်ဆက်ပြီးဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီလိုမျိုး Find X2 Series ဖုန်းတွေမှာ နောက်ဆုံးကျန်ရှိနေတဲ့စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Find X2 Lite ကိုလည်း မကြာခင်မိတ်ဆက်တော့မယ်လို့ယူဆရပါတယ်။

အဆိုပါ Find X2 Lite စမတ်ဖုန်းဟာ Find X2 Series ဖုန်းတွေထဲမှာ စျေးအသက်သာဆုံးဖြစ်သလို Design ပိုင်းနဲ့ Specification ပိုင်းမှာလည်း အနည်းငယ်အားနည်းနေမှာဖြစ်ပါတယ်။ နောက်ရရှိတဲ့သတင်းတွေအရ Winfuture.de Website ကနေ Find X2 Lite ဖုန်းအတွက် Render ပုံတွေနဲ့အတူ Specs တွေကို ဖော်ပြလိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Render ပုံတွေအရ OPPO Find X2 Lite ဖုန်းဟာ Reno 3 Vitality Edition ဖုန်းကိုပဲ နာမည်ပြောင်းထားတာဖြစ်ပြီးတော့ Design ပိုင်းတွေဆင်တူနေတာဖြစ်ပါတယ်။ Find X2 Lite ကို အရောင်တွေအနေနဲ့ အဖြူရောင်နဲ့ အနက်ရောင်ဆိုပြီးထွက်ရှိလာမှာဖြစ်ပြီး Display မှာလည်း Selfie Camera အတွက် Waterdrop Notch ပါဝင်လာမှာဖြစ်ပါတယ်။

ဖုန်းရဲ့ နောက်ဖက်မှာတော့ Glass Back Panel ကိုမှ Gradient Design နဲ့ပြုလုပ်ထားပြီး Quad Camera Setup ကိုတပ်ဆင်ပေးထားပါတယ်။ Display အနေနဲ့ 6.4″ AMOLED FullHD+ Resolution ရှိမှာဖြစ်သလို Performance ပိုင်းမှာလည်း Qualcomm ရဲ့ Snapdragon 765G Processor ကို တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ RAM အနေနဲ့ 8GB အပြင် 128GB Storage ပါဝင်လာမယ်လို့လည်း သိရပါတယ်။

Camera Setup အနေနဲ့ကတော့ 48MP + 8MP Ultrawide + 2MP Depth + 2MP Macro Sensor တွေပါဝင်မှာဖြစ်ပြီး Selfie Camera အနေနဲ့ 32MP ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 30W Fast Charging ကို Support ပြုလုပ်တဲ့ 4025mAh Battery ပါဝင်မယ်လို့သိရပါတယ်။ တခြားသော Feature တွေအနေနဲ့လည်း In-display Fingerprint Sensor ၊ Headphone Jack ၊ NFC နဲ့ Wi-Fi 6 လိုမျိုး Feature တွေကိုလည်းထည့်သွင်းထားပါသေးတယ်။

Ref – Gizmo China