Oppo ဟာ ဒီနေ့အစောပိုင်းက တရုတ်ဈေးကွက်မှာ Oppo A92s ဖုန်းကို တိတ်တဆိတ်မိတ်ဆက်ခဲ့သလိုပဲ Oppo Find X2 Lite ကိုလည်း ပေါ်တူဂီနိုင်ငံမှာ တရားဝင်ထုတ်ဖော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက Find X2 ကို မိတ်ဆက်ခဲ့ပြီးနောက် Find X2 Lite ပါ ထွက်မယ်လို့ သတင်းထွက်နေခဲ့တာပါ။

Find X2 Lite မှာ 6.4” OLED Display ပါဝင်ပြီး 60Hz Refresh Rate နဲ့ဖြစ်ပါတယ်။ Fingerprint ကိုလည်း Display ထဲမှာပဲထည့်သွင်းလာပြီး FHD+ Resolution နဲ့ဖြစ်ပါတယ်။

အတွင်းမှာ Snapdragon 765 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 5G Mode နှစ်မျိုးလုံး ထောက်ပံ့ပေးနိုင်တယ်။ မန်မိုရီပိုင်းမှာ 8GB RAM နဲ့ 128GB Storage အတွဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပိုနိမ့်တဲ့ Memory Combo ဗားရှင်းတွေလည်း ထွက်လာမယ်လို့တော့ မျှော်လင့်ရပါတယ်။

ဒီဟန်းဆက်မှာ သုံးစွဲသူရဲ့ကိုင်ထားတဲ့အနေအထားကိုလိုက်ပြီး နက်ဝပ်အကောင်းဆုံးမိစေမယ့် လုပ်ဆောင်ချက် Feature ပါဝင်တာကြောင့် ဂိမ်းဆော့နေစဉ်မှာပဲဖြစ်ဖြစ် ဖုန်းကို ကြိုက်တဲ့အနေအထားနဲ့ ကိုင်ထားတဲ့အခါ လိုင်းကျသွားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ရရှိနိုင်တဲ့ နက်ဝပ်ပေါ်အခြေခံပြီး 4G နဲ့ 5G ကော်နက်ရှင်ကို စဉ်ဆက်မပြတ်ပြောင်းလဲပေးနိုင်တဲ့ Smart 5G Feature လည်းပါဝင်ပါတယ်။

ကင်မရာပိုင်းမှာတော့ Waterdrop Notch ထဲမှာ 32MP f/2.0 ဆဲလ်ဖီကင်မရာပါဝင်ကာ နောက်ဘက်မှာ Quad-cam နဲ့ဖြစ်ပါတယ်။ အဓိကကင်မရာ 48MP f/1.7 ကို 8MP Wide-angle/Macro နှစ်မျိုးသုံး Sensor တစ်ခု၊ 2MP Monochrome နဲ့ 2MP Portrait Lens တို့ဖြင့် တွဲဖက်ထားတယ်။

Mid-range စမတ်ဖုန်းသစ်ဟာ 4,025 mAh ဘက္ထရီပါဝင်ပြီး VOOC 4.0 အားသွင်းစနစ်ကြောင့် မိနစ် ၂၀ အားသွင်းရုံနဲ့ ၅၀% ပြည့်မယ်လို့ဆိုပါတယ်။ Android 10 အခြေခံ ColorOS 7 နဲ့ပွဲထွက်လာပါတယ်။

Oppo ဟာ လောလောဆယ်တော့ Find X2 Lite ရဲ့ဈေးနှုန်းနဲ့ ဈေးကွက်ထဲရောက်လာမယ့်ရက်ကို မပြောသေးပါဘူး။ ဒီဖုန်းကို Pearl White နဲ့ Moonlight Black အရောင်နှစ်မျိုးနဲ့ တွေ့ရပါတယ်။

Ref – GizmoChina