Google ဟာ ပြီးခဲ့တဲ့ဇွန်လအစောပိုင်းမှာ Pixel Series စမတ်ဖုန်းတွေအတွက် Android 11 Beta Update ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Google ကနေ မိတ်ဆက်အပြီးမှာ တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း သူတို့ရဲ့ စမတ်ဖုန်းတွေအတွက် Android 11 Beta ရရှိမယ်ဆိုပြီး အသီးသီးကြေညာခဲ့ပါတယ်။

အခုဆိုရင်လည်း OPPO ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ကြေညာခဲ့တဲ့အတိုင်းပဲ Android 11 Beta 1 ကို စတင် Update ပြုလုပ်နိုင်နေပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာ Find X2 Series အသုံးပြုနေတဲ့သူတွေအနေနဲ့ပဲ စမ်းသပ်နိုင်မှာဖြစ်ပြီးတော့ OPPO Developers Website မှာ သွားရောက်ပြီး Early Apoter အနေနဲ့ သွားရောက်စာရင်းပေးရမှာဖြစ်ပါတယ်။

စာရင်းပေးသွင်းပြီးရင်တော့ OPPO Find X2 ဖုန်းတွေမှာ Android 11 Beta Update ဟာ OTA Update အနေနဲ့ရရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း OPPO ဘက်ကနေ အဆိုပါ Android 11 Beta Update ဟာ Google Pixel ဖုန်းတွေလိုမျိုး Stock Android ပုံစံတော့မဟုတ်သေးဘဲ Color OS 7.2 ကိုပဲ အခြေခံထားမှာဖြစ်ပါတယ်။

Android 11 Update ဟာ Conversation Messages တွေအတွက် သီးသန့် Notification Section တစ်ခုပါဝင်လာမှာဖြစ်ပြီးတော့ Messaging App အားလုံးအတွက် Chat Head ပုံစံ Bubble Feature လည်းပါဝင်လာမှာဖြစ်ပါတယ်။ တခြားသော Feature တွေအနေနဲ့ကတော့ Privacy ပိုင်းကို ပြောင်းလဲမှုတွေအများအပြားပြုလုပ်ခဲ့ပြီး Background Location Data ရယူနေတဲ့ App တွေကိုလည်း အချိန်တစ်ခုကြာရင် ပြန်လည် Permission ပိတ်သိမ်းသွားတော့မယ်လို့ သိရပါတယ်။

Ref – GSM Arena