Unicode
OPPO ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Flagship ဖုန်းတစ်ခုဖြစ်လာမယ့် OPPO Find X2 ကို လာမယ့် ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်ထဲမှာ မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ OPPO FInd Series ဖုန်းတွေက လုံးဝ Feature အသစ်အဆန်းတွေပါဝင်လေ့ရှိသလိုပဲ အခုလည်း Find X2 မှာ ပါလာမယ့် Feature တစ်ခုက ပေါက်ကြားလာခဲ့ပါပြီ။
ဒါကတော့ OPPO Find X2 ဖုန်းမှာ Wireless Charging ကို Support လုပ်လာမှာဖြစ်ပြီး လက်ရှိမှာ Charging Speed အမြန်ဆုံးဖြစ်လာမယ့် 50W Wireless Charging နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။
OPPO ဟာ လက်ရှိအချိန်မှာ Wired Fast Charging စနစ်တစ်ခုဖြစ်တဲ့ VOOC Charging နဲ့ စျေးကွက်ထဲမှာ အားသွင်းမြန်ဆန်တဲ့ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီး ဖြစ်ပေမယ့် Wireless Charging ကိုတေ့ာ ဖုန်းတော်တော်များများမှာ အခုထိ Support မပြုလုပ်သေးပါဘူး။ အဲ့ဒီအတွက် ဒီ Find X2 ဖုန်းမှာ 50W Wireless Charging ပါလာမယ်ဆိုရင် လက်ရှိ Wireless Charging အားလုံးအပြင် Wired Charging တွေအများအပြားထက်တောင် ပိုပြီး မြန်ဆန်နေမှာဖြစ်ပါတယ်။
ယခု 50W Wireless Charging ကို အသုံးပြုနေတဲ့ Prototype ဖုန်းပုံစံကိုတော့ တွေ့ရှိရခြင်းမရှိပေမယ့် Weibo Websitre မှာတော့ အခု Wireless Charging အတွက် Circuit Board ဓါတ်ပုံကို ဖော်ပြထားခဲ့ပါတယ်။
OPPO အနေနဲ့ ယခင်တုန်းကတော့ 30W Wireless Charging ပါဝင်တဲ့ Prototype ဖုန်းတစ်လုံးကို ပြသခဲ့ဖူးပြီးတော့ အခုဒီအတိုင်းဆိုရင် Find X2 ဖုန်းကလည်း လုံးဝအလန်းစား Flagship ဖုန်းတစ်ခုဖြစ်လာနိုင်ပါတယ်။
Ref – GSM Arena
Zawgyi
Ref – GSM Arena