OPPO ကနေ Find X2 Series Flagship ဖုန်းတွေကို လာမယ့် မတ်လ ၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အခုအချိန်မှာလည်း OPPO ရဲ့ Vice President ဖြစ်တဲ့ Brian Shen ကနေ Find X2 Series တွေရဲ့ Display နဲ့ ပတ်သက်တဲ့အချက်တစ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါကတော့ Find X2 Series ဖုန်းတွေဟာ Display အနေနဲ့ 10-bit OLED Display ကို အသုံးပြုနိုင်မှာဖြစ်ပြီး အရောင်ပေါင်း ၁ သန်းအထိ ပြသပေးနိုင်မှာပဲဖြစ်ပါတယ်။ OPPO ကတော့ အခုလိုမျိုး 10-bit OLED Display ကို အသုံးပြုလိုက်တာက ပုံမှန် 8-bit OLED Display ထက် ဘယ်လိုမျိုး ကွာခြားသွားမလဲဆိုတာကိုပါ နှိုင်းယှဥ်ပြခဲ့ပါသေးတယ်။

ဒီလိုမျိုး 10-bit OLED Display ကို အသုံးပြုတာက လက်ရှိ Flagship ဖုန်းတွေအတော်များများထက်တောင် Display ပိုင်း ပိုသာသွားသလို OPPO Find X2 ဖုန်းတွေက 120Hz Refresh Rate ကိုပါ QHD+ Resolution မှာ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Display ပိုင်းမှာ သိသိသာသာကို အရည်အသွေးကောင်းနေမှာပါ။

ဒါတင်မဟုတ်သေးဘဲ Find X2 ဖုန်းတွေမှာ 240Hz Touch Sampling Rate ၊ 500,000:1 Contrast Ratio အပြင် SDR Content တွေကို HDR ပြောင်းပေးနိုင်တဲ့ Dedicated Display Chip ကိုလည်း ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် OPPO Find X2 Series ဖုန်းတွေဟာ Snapdragon 865 Processor ၊ 48MP Triple Camera Setup နဲ့ 32MP Selfie Camera တွေပါဝင်မှာဖြစ်သလို 65W Fast Wired Charging ၊ 30W Fast Wireless Charging နဲ့ 10W Reverse Wireless Charging တွေကိုပါ Support ပြုလုပ်ဦးမှာဖြစ်ပါတယ်။

Ref – Gizmo China