OPPO က စွမ်းရည်မြင့် Find X5 Pro အပြင် ရိုးရိုး Find X5 ကိုပါ ကြေညာလိုက်ပြီး ကင်မရာ အပိုင်းမှာ ရိုးရိုး မော်ဒယ်ဟာ Pro နီးပါးလောက် ကောင်းမွန်ပါတယ်။ Find X5 ကို မတ်လ ၁၄ ရက်နေ့ ရောင်းမယ်လို့ ထင်ရပြီး ဥရောပမှာ ၉၉၉ ယူရို သတ်မှတ်ထားကာ မြန်မာငွေ သိန်း ၂၀ လောက် ကျသင့်မှာပါ။ Pro မော်ဒယ်လိုပဲ 8GB+256GB Option ၁ မျိုးပဲ ထုတ်လုပ်ပေးထားပါတယ်။

Oppo Find X5

OPPO Find X5 မှာ အရင်နှစ်ထုတ် Snapdragon 888 Chipset ပဲ ထည့်သွင်းထားပြီး Pro ရဲ့ Snapdragon 8 Gen 1 လောက် စွမ်းရည် မမြင့်မားပါဘူး။ ဒါပေမယ့် Pro ရဲ့ 6nm MariSilicon X Image Processing Chip နဲ့ Hasselblad Natural Color Calibration လုပ်ဆောင်ချက်တွေ ပါပါတယ်။

OPPO Find X5

Find X5 မှာ Android 12 အခြေပြု ColorOS 12.1 မောင်းနှင်ထားပြီး ColorOS 12 ထက် လုံခြုံရေး၊ ဒီဇိုင်းနဲ့ Privacy အပိုင်းတွေ ပိုကောင်းလာပါတယ်။ ဖုန်းနဲ့ Windows PC အကြားမှာ ပြောင်းလဲ သုံးနိုင်တဲ့ Multi-screen Connect လုပ်ဆောင်ချက် အသစ် ပါလာပါတယ်။

OPPO Find X5

ရိုးရိုး Find X5 မှာ အရွယ်အနည်းငယ်ပိုသေးတဲ့ ၆.၅၅ လက်မ OLED FullHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ ကင်မရာအကြောင်းပြောရရင် Find X5 ဟာ Pro မော်ဒယ်နီးပါး တူညီပြီး 50MP Wide Sony IMX766 နဲ့ 50MP Ultrawide တွေ ဖြစ်ပါတယ်။ ဒါပေမယ့် Wide ကင်မရာမှာ သာမာန် OIS ပဲ ထည့်ထားပြီး Pro ရဲ့ 5-axis OIS မပါလာပါဘူး။ တတိယ ကင်မရာက 13MP Telephoto ဖြစ်ပြီး 2x Optical Zoom နဲ့ 5x Hybrid Zoom ထောက်ပံ့ထားပါတယ်။ ဆဲလ်ဖီး ကင်မရာအတွက် 32MP တပ်ဆင်ထားပေမယ့် Sony IMX615 Sensor အဟောင်း ဖြစ်ပါတယ်။

Find X5 မှာ 4,800mAh ဘက်ထရီ ထည့်သွင်းထားပြီး Pro နဲ့ တူညီတဲ့ 80W SuperVOOC Wired Fast Charging ပါပါတယ်။ ဒါ့အပြင် 30W AirVOOC Wireless Charging ထောက်ပံ့ထားပြီး Pro ရဲ့ 45W ထက် အနည်းငယ် အားနည်းပါတယ်။ SD888 ဟာ SD8 Gen 1 လောက် အပူမထုတ်လုပ်ပေမယ့် Find X5 မှာ Pro မှာလို အရွယ်ကြီး Vapor Chamber အပါအဝင် အပူထုတ်စနစ်တွေ ထည့်သွင်းထားပါတယ်။ IP Rating မပါလာဘဲ အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားပါတယ်။

Ref : gizmochina