OPPO ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတုန်းက Find X5 Pro Flagship စမတ်ဖုန်းကို တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Find X5 Pro ဖုန်းဟာ တခြားသော Android Flagship ဖုန်းတွေလိုမျိုးပဲ Qualcomm Snapdragon 8 Gen 1 Chipset ကို အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။

Find X5 Pro ဖုန်းဟာ တခြားဖုန်းတွေထက် ပိုသာလွန်တဲ့ Cooling Mechanism ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်အထိ OPPO Find X5 Pro ဖုန်းဟာ Over Heat ဖြစ်တဲ့ ပြဿနာမျိုး မကြုံတွေ့ရသေးပါဘူး။

ဒါကိုမှ OPPO ကနေ Find X5 Pro ဖုန်းအတွက် အပူချိန်ကို 3°C ပိုလျော့ချပေးနိုင်မယ့် ပေါ့ပါးတဲ့ Ice-Skin Cooling Case ကို ထုတ်ပေးလိုက်ပါတယ်။ အဆိုပါ Ice-Skin Cooling Case ဟာ လုံးဝကို ဆန်းသစ်ထားတဲ့ Glacier-Mat Hydrogel Layer ကို အသုံးပြုထားပြီး အမြဲအေးနေအောင် လေထဲမှာရှိတဲ့ ရေမှုန်လေးတွေကို ရယူနိုင်မှာဖြစ်ပါတယ်။ အဆိုပါ နည်းပညာကို Wuhan University မှာ Develop ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

ဒီလိုမျိုး သာမန် Phone Case တွေကနေ ကွဲထွက်နေတဲ့ Ice-Skin Cooling Case ကို တရုတ်နိုင်ငံမှာ Find X5 Pro ကို Pre-order မှာယူသူတိုင်းအတွက် လက်ဆောင်အနေနဲ့ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာစျေးကွက်မှာ ရောင်းချမယ့် စျေးနှုန်းကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။

Ref – Gizmo China